PDF တွေရဲ့သတင်းကို မှန်ကန်စွာပေးပို့လျှင် သတင်းပေးပို့သူကို ထိုက်တန်စွာဆုချီးမြှင့်မယ်ဆိုပြီး စာရွက်တွေလိုက်ကပ်ထားတဲ့မြင်ကွင်း

//s9.kh1.co/e4/e49cf93f64599f389164e15ce9507dd54d3c6259.jpeg
နေ့စဉ်သတင်းများ

 ၂၄-သြ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

PDF တွေရဲ့သတင်းကို မှန်ကန်စွာပေးပို့လျှင် သတင်းပေးပို့သူကို ထိုက်တန်စွာဆုချီးမြှင့်မယ်ဆိုပြီး စာရွက်တွေလိုက်ကပ်ထားတဲ့မြင်ကွင်း

ပြည်သူလူထုနဲ့ PDF လူငယ်လေးတွေပူးပေါင်းပြီး အောင်ပွဲအမြန်ရဖို့အတွက် စိတ်အားထက်သန်စွာကြိုးစားနေကြတာပဲဖြစ်ပါတယ်။PDF လူငယ်တွေကလည်း အန္တရာယ်တွေကြားထဲမှာ အသက်ကိုစွန့်ပြီး တိုက်ပွဲဝင်နိုင်ဖို့လေ့ကျင့်နေကြသလို ပြည်သူလူထုကလည်း စီးပွါးရေးကြပ်တည်းတဲ့ကြားကနေ တတ်နိုင်သလောက်ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။ဒီလိုပြည်တွင်းရေးအခြေအနေကြောင့် ပြည်သူတိုင်းနီးပါး စိတ်ပင်ပန်း၊လူပင်ပန်းဖြစ်နေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

လက်ရှိမှာဆိုရင် တချို့နေရာလေးတွေမှာ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွါးနေတဲ့သတင်းတွေကိုကြားသိနေရပါတယ်။PDF လူငယ်တွေကတော့ ရရာလက်နက်ကိုစွဲကိုင်ပြီး ပြည်သူတွေကိုကာကွယ်ပေးဖို့အတွက် သက်စွန့်ဆံဖျားကြိုးစားနေကြတာဖြစ်ပါတယ်။အဲ့ဒီလိုရဲစွမ်းသတ္တိအပြည့်ရှိတဲ့ PDF တွေကို လက်နက်ချပြီး အလင်းဝင်ဖို့အတွက်တချို့နေရာတွေမှာ စာလိုက်ကပ်နေသလို တချို့ရပ်ကွက်တွေမှာလည်း ကားနဲ့လိုက်အော်နေတယ်လို့ ဒီနေ့မှာကြားသိရပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

PDF တွေလက်နက်မချရင် လက်စတုန်းချေမှုန်းမှာဆိုပြီး စာထဲမှာရေးသားထားတာဖြစ်ပါတယ်။ဒါ့အပြင် PDF တွေကို ပြည်သူလူထုက သတင်းပေးပို့ခဲ့လျှင် သတင်းပေးပို့သူကို လျှို့ဝှက်ပေးထားပြီး ထိုက်တန်စွာဆုချီးမြှင့်မယ်လို့လည်း ကြေငြာထားတာဖြစ်ပါတယ်။ပြည်သူတွေကလည်း ဒီလိုမျိုးလိုက်ကြေငြာနေတာတောင် PDF တွေကိုဘယ်တော့မှသစ္စာမဖောက်ဘဲ နောက်ကွယ်ကနေ တတ်နိုင်သလောက်ကူညီပေးနေကြဆဲဖြစ်တာကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T