နုနယ်ငယ်ရွယ်ပေမယ့် ယောက်ျားလေးတွေနဲ့ရင်ဘောင်တန်းပြီး တိုက်ပွဲဝင်နိုင်ဖို့အတွက် အားသွန်ခွန်စိုက်လေ့ကျင့်နေကြတဲ့ မိန်းကလေးများ

//s9.kh1.co/77/775956635a2c91466ba2092d5983390ba75f2010.jpeg
နေ့စဉ်သတင်းများ

 ၂၄-သြ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

နုနယ်ငယ်ရွယ်ပေမယ့် ယောက်ျားလေးတွေနဲ့ရင်ဘောင်တန်းပြီး တိုက်ပွဲဝင်နိုင်ဖို့အတွက် အားသွန်ခွန်စိုက်လေ့ကျင့်နေကြတဲ့ မိန်းကလေးများ

တောထဲဝင်ပြီး လေ့ကျင့်နေကြတဲ့ PDF လူငယ်တွေထဲမှာ ပညာတတ်တွေများစွာပါဝင်နေပြီး ယောက်ျားလေးတွေသာမက မိန်းကလေးတွေကလည်းရဲရင့်နေကြတာဖြစ်ပါတယ်။တောထဲမှာ နေထိုင်ရတဲ့အခါ မိမိတို့ရဲ့အိမ်လိုတော့မလုံခြုံ၊မနွေးထွေးပေမယ့် နုနယ်တဲ့မိန်းကလေးတွေကအစ ကြံ့ကြံ့ခိုင်ခိုင်ရင်ဆိုင်နေတာပဲဖြစ်ပါတယ်။ပြည်သူလူထုကလည်း စွန့်လွှတ်အနစ်နာခံရဲတဲ့ သူရဲကောင်းတစ်ယောက်ချင်းစီတိုင်းကို လေးစားနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

လက်ရှိမှာဆိုရင် မိန်းကလေးတွေကလည်း သတ္တိအရမ်းရှိကြပြီး တောတောင်ထဲမှာ ဒုက္ခမျိုးစုံကိုကြုံတွေ့နေရတာပဲဖြစ်ပါတယ်။လူငယ်တွေအကုန်လုံးကလည်း မောင်နှမအရင်းတွေလိုမျိုး ခင်ခင်မင်မင်နဲ့ အပြန်အလှန်ဖေးမကူညီပေးကြတာဖြစ်ပါတယ်။တောထဲရောက်မိန်းကလေးတွေကလည်း ဒီလိုမိုးတွင်းကာလမှာတောင် မနားမနေနဲ့ကြိုးစားလေ့ကျင့်နေကြတာဖြစ်ပါတယ်။လှလှပပလေးနဲ့နေရမယ့်အချိန်မှာ တောတောင်ထဲတွင်ဖြစ်သလိုသာနေထိုင်နေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုဆိုရင်လည်း နုနယ်ငယ်ရွယ်တဲ့မိန်းကလေးတွေက ကွင်းပြင်ကျယ်ကြီးထဲမှာ အပြင်းအထန်လေ့ကျင့်နေကြတာဖြစ်ပါတယ်။မိန်းကလေးတွေဖြစ်ပေမယ့် ယောက်ျားလေးတွေနဲ့ရင်ဘောင်တန်းပြီးတိုက်ပွဲဝင်နိုင်ဖို့အတွက်အားသွန်ခွန်စိုက်ကြိုးစားနေကြတာဖြစ်ပါတယ်။အခုလိုမျိုး အနစ်နာခံပြီး အရာရာပေးဆပ်ရဲတဲ့ သူရဲကောင်းအမျိုးသမီးလေးတွေရဲ့ ပုံရိပ်တွေကို ပြည်သူတွေတွေ့မြင်အောင်လို့ ဂုဏ်ယူစွာနဲ့ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T