အမှတ် ၈၉ ယာဉ်လိုင်းသည် ဧရာဝဏ်လမ်းမကြီးအတိုင်း သာကေတမြို့နယ်သို့ ဖြတ်သန်းပြီး မဟာဗန္ဓုလတံတားအတိုင်း ဆူးလေသို့ ၀င်ရောက်ကာ ထိုမှတဆင့် ကြည့်မြင်တိုင်မြို့နယ်သို့ ပြေးဆွဲပေးမည်ဖြစ်သည်။"ခရီးသည်တွေတောင်းဆိုလို့ ယာဉ်လိုင်းအသစ် အမှတ် ၈၉ ကို သြဂုတ်လ ၈ ရက်နေကစတင် ပြေးဆွဲသွားမှာဖြစ်ပါတယ်။ခရီးသည်တွေ နှစ်ဆင့်စီးနေရတဲ့အတွက် အခက်အခဲရှိနေလို့ ယာဉ်လိုင်းသစ်ထပ်တိုးပြေးဆွဲပေးတာဖြစ်ပါတယ်။နောက်ပိုင်းမှာလည်းသာကေတဘက်ကို အဓိကထားပြီး ပြေးဆွဲသွားဖို့ရှိပါတယ်လို့ "ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝယ်ယူထားသည့် ကားသစ် ၁၀၀၀ အနက် YBS ခရီးသည်တင်ယာဉ်လိုင်းအသီးသီးတွင် အစီး၃၅၀ ကျော် ၀င်ရောက်ပြေးဆွဲနေပြီး မကြာမီအစီးရေ ၁၀၀၀စလုံး ၀င်ရောက်ပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့မှ ပြောပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။