သူပိုင်ဆိုင်တဲ့မြေ (၅)ဧကကျော်ကို ဆေးရုံဆောက်လုပ်ဖို့အတွက် အပြီးတိုင်စွန့်လွှတ်ပြီး ရက်ရက်ရောရောလှူဒါန်းခဲ့တဲ့ အလှူရှင်မိသားစု

//s9.kh1.co/68/684333c8281a3649041df2f9ec0a1cd9763d635b.jpeg
နေ့စဉ်သတင်းများ

 ၂၅-သြ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

သူပိုင်ဆိုင်တဲ့မြေ (၅)ဧကကျော်ကို ဆေးရုံဆောက်လုပ်ဖို့အတွက် အပြီးတိုင်စွန့်လွှတ်ပြီး ရက်ရက်ရောရောလှူဒါန်းခဲ့တဲ့ အလှူရှင်မိသားစု

မြန်မာပြည်တွင်းမှာနေထိုင်ကြတဲ့ လူမျိုးဘာသာမရွေးကတော့ အလှူအတန်းဆိုအရမ်းရက်ရောကြတာဖြစ်ပါတယ်။ဒါ့ကြောင့်လည်း အရေးကြုံလာရင် သွေးနီးကြပြီး မိမိတို့မိသားစုဝင်လိုမျိုးသတ်မှတ်ကာ တတ်နိုင်သလောက်ကူညီပေးတာဖြစ်ပါတယ်။မြန်မာပြည်သူလူထုကလည်း ကိုဗစ်ပထမလှိုင်းကတည်းက စီးပွါးရေးတွေကြပ်တည်းသွားကြပေမယ့် အလှူရေစက်လက်နဲ့မကွာဘဲ စုဆောင်းထားတဲ့ထဲက မျှဝေလှူဒါန်းနေတာဖြစ်ပါတယ်။အခုကိုဗစ် တတိယလှိုင်းမှာ ပြည်သူလူထုက စည်းစည်းလုံးလုံးနဲ့ရောဂါဆိုးကို တိုက်ထုတ်နေကြတာဖြစ်ပါတယ်။

Photo Credit:Ashin Sanda Zawti’s Fb acc
Photo Credit:Ashin Sanda Zawti’s Fb acc
Photo Credit:Ashin Sanda Zawti’s Fb acc
Photo Credit:Ashin Sanda Zawti’s Fb acc
Photo Credit:Ashin Sanda Zawti’s Fb acc
Photo Credit:Ashin Sanda Zawti’s Fb acc

ကိုဗစ် တတိယလှိုင်းမှာဆိုရင် လူနာတွေက အောက်ဆီဂျင်အရမ်းလိုအပ်တာကြောင့် တချို့အလှူရှင်တွေက အလှူငွေမတည်ပြီး အောက်ဆီဂျင်စက်ရုံတွေ ဆောက်လုပ်နေတာဖြစ်ပါတယ်။အခုဆိုရင်လည်း အရှင်စန္ဒဇောတိက မော်လမြိုင်မြို့မှာ ဆေးရုံဆောက်လုပ်ဖို့အတွက် စီစဉ်နေတာဖြစ်ပါတယ်။အလှူရှင်တွေကလည်း ဘုန်းဘုန်းထံမှာလိုအပ်တဲ့နေရာတွေအတွက် ရက်ရက်ရောရောလှူဒါန်းကြတာဖြစ်ပါတယ်။ဆေးရုံဆောက်ဖို့အတွက် မြေနေရာအကျယ်လိုအပ်တာကြောင့် စေတနာရှင်မိသားစုတစ်စုမှ လှူဒါန်းခဲ့တာဖြစ်ပါတယ်။

Photo Credit:Ashin Sanda Zawti’s Fb acc
Photo Credit:Ashin Sanda Zawti’s Fb acc
Photo Credit:Ashin Sanda Zawti’s Fb acc
Photo Credit:Ashin Sanda Zawti’s Fb acc
Photo Credit:Ashin Sanda Zawti’s Fb acc
Photo Credit:Ashin Sanda Zawti’s Fb acc

လှူဒါန်းတဲ့မိသားစုကတော့ ဆေးရုံဆောက်လုပ်ဖို့အတွက် မြေဧက (၅.၁၄)ကို မော်လမြိုင်၊မင်းရွာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဘုန်းဘုန်းထံ လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။လူ့အသက်တွေကိုကယ်တင်ဖို့အတွက် ဆေးရုံဆောက်လုပ်တဲ့နေရာမှာ တတပ်တအားအနေနဲ့ မြေအကျယ်ကြီးကို ရက်ရက်ရောရောလှူဒါန်းခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုး စေတနာသဒ္ဓါတရားထက်သန်တဲ့ အလှူရှင်မိသားစုရဲ့ ကုသိုလ်ကို ဝမ်းမြောက်စွာသာဓုခေါ်ဆိုနိုင်ကြဖို့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Ashin Sanda Zawti’s Fb acc
Photo Credit:Ashin Sanda Zawti’s Fb acc
Photo Credit:Ashin Sanda Zawti’s Fb acc
Photo Credit:Ashin Sanda Zawti’s Fb acc

Source&Photo Credit:Ashin Sanda Zawti’s Fb acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T