အခက်အခဲဖြစ်နေတာကြောင့် ပြင်ဦးလွင်က သူ့ရဲ့ခြံအကျယ်ကြီးကို အရှုံးခံပြီးစျေးလျော့ပေးကာအမြန်ပြန်ရောင်းနေတဲ့ လူရွှင်တော်စိန်သီး

//s9.kh1.co/41/41cf06ad2b239ec80953085898572bcfde86e3a2.jpeg
အနုပညာရှင်များ

 ၂၅-သြ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

အခက်အခဲဖြစ်နေတာကြောင့် ပြင်ဦးလွင်က သူ့ရဲ့ခြံအကျယ်ကြီးကို အရှုံးခံပြီးစျေးလျော့ပေးကာအမြန်ပြန်ရောင်းနေတဲ့ လူရွှင်တော်စိန်သီး

လူရွှင်တော်စိန်သီးကတော့ မကြာသေးခင်ကမှ အောက်ဆီဂျင်အိုးနဲ့ အသက်ရှူရတဲ့အထိ ကျန်းမာရေးအခြေအနေမကောင်းခဲ့တာဖြစ်ပါတယ်။သူနေမကောင်းမဖြစ်ခင်ကဆိုရင် အလှူရှင်တွေရဲ့စေတနာနဲ့ သူကိုယ်တိုင် အခြေခံပြည်သူတွေဆီ စားသောက်ကုန်တွေ လိုက်ဝေပေးခဲ့တာဖြစ်ပါတယ်။စိန်သီးက ဒီကာလမှာခက်ခဲနေတဲ့ပြည်သူတချို့ကိုလက်လှမ်းမှီသလောက်လေး လိုက်လံကူညီပေးခဲ့တာဖြစ်လို့ ပြည်သူတွေကလည်း သူ့ကိုကျေးဇူးတင်နေကြတာဖြစ်ပါတယ်။

Photo Credit:Sein Thee’s Fb acc
Photo Credit:Sein Thee’s Fb acc
Photo Credit:Sein Thee’s Fb acc
Photo Credit:Sein Thee’s Fb acc
Photo Credit:Sein Thee’s Fb acc
Photo Credit:Sein Thee’s Fb acc

စိန်သီးက အခုဆိုရင်တော့ ကျန်မာရေးပြန်ကောင်းသွားပြီး မကြာသေးခင်ကကျရောက်ခဲ့တဲ့ သူ့ရဲ့မွေးနေ့မှာလည်းအလှူအတန်းတွေလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့မှာ အိမ်ကိုလာပြီးဆေးဖိုးအလှူခံတဲ့သူကိုလည်း ကူညီပေးလိုက်သေးတာဖြစ်ပါတယ်။လတ်တလောမှာဆိုရင် စိန်သီးကအခက်အခဲလေးဖြစ်နေတာကြောင့် ပြင်ဦးလွင်က သူ့ရဲ့ခြံအကျယ်ကြီးကို ပြန်လည်ရောင်းချနေတာဖြစ်ပါတယ်။

Photo Credit:Sein Thee’s Fb acc
Photo Credit:Sein Thee’s Fb acc
Photo Credit:Sein Thee’s Fb acc
Photo Credit:Sein Thee’s Fb acc
Photo Credit:Sein Thee’s Fb acc
Photo Credit:Sein Thee’s Fb acc

စိန်သီးရဲ့ခြံက ပေ (၁၀၀)ပတ်လည်ရှိပြီး လာဝယ်တဲ့သူကို ဝယ်ရင်းစျေးထက် လျော့ပြီးရောင်းပေးဦးမှာဖြစ်ပါတယ်။ခြံရဲ့စာရွက်စာတန်းတွေလည်းအကုန်ရှိတာကြောင့် စိတ်ဝင်စားတဲ့သူရှိရင် (၀၉၇၇၇၈၆၂၂၂၉)ကို ဆက်သွယ်နိုင်ကြောင်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာတာဖြစ်ပါတယ်။အများပြည်သူကိုကူညီပေးနေတဲ့လူရွှင်တော်စိန်သီးလည်း အခက်အခဲတွေပြေလည်ပြီး ခြံရောင်းထွက်ပါစေလို့ဆုတောင်းပေးရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Sein Thee’s Fb acc
Photo Credit:Sein Thee’s Fb acc
Photo Credit:Sein Thee’s Fb acc
Photo Credit:Sein Thee’s Fb acc
Photo Credit:Sein Thee’s Fb acc
Photo Credit:Sein Thee’s Fb acc

Source&Photo Credit:Sein Thee’s Fb acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T