အရွယ်လေးနဲ့မလိုက်အောင် အနန္တောအနန္တငါးပါးကိုဦးထိပ်ထားတတ်နေပြီး တညီတညာတည်းလက်အုပ်ချီကာဘုရားရှိခိုးနေကြတဲ့ ခိုင်နှင်းဝေရဲ့ကလေးများ

//s9.kh1.co/f0/f0697779301c7c551d6634574b8fe5c9eee0a6dd.jpeg
အနုပညာရှင်များ

 ၂၆-သြ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

အရွယ်လေးနဲ့မလိုက်အောင် အနန္တောအနန္တငါးပါးကိုဦးထိပ်ထားတတ်နေပြီး တညီတညာတည်းလက်အုပ်ချီကာဘုရားရှိခိုးနေကြတဲ့ ခိုင်နှင်းဝေရဲ့ကလေးများ

ပြည်သူလူထုရဲ့အခက်အခဲတွေကို မျှဝေခံစားပေးနေတဲ့ ပရဟိတမင်းသမီးခိုင်နှင်းဝေကတော့ နေ့တိုင်းနီးပါး အလှူရေစက်လက်နဲ့မကွာသူဖြစ်ပါတယ်။သူမရဲ့အလှူတွေကိုတွေ့မြင်ပြီး အလှူရှင်တွေကလည်း  “ခိုင်နှင်းဝေရင်သွေးလေးများဂေဟာ”မှာ လှူဒါန်းကြပါတယ်။လက်ရှိမှာဆိုရင် ခိုင်နှင်းဝေစောင့်ရှောက်ထားတဲ့ကလေးတွေကလည်း အယောက် (၃၀)ကျော်ရှိပါတယ်။နောက်ထပ် သူမဆီကိုဆက်သွယ်ပြီး မွေးစားပေးဖို့အကူအညီတောင်းခံတာတွေကိုလည်း အမှန်တကယ်အုပ်ထိန်းသူမရှိရင် ခေါ်ယူစောင့်ရှောက်ပေးခဲ့တာဖြစ်ပါတယ်။

Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page<br>
Photo Credit:Khine Hnin Wai’s Fb page

ပြည်သူတွေကတော့ ခိုင်နှင်းဝေကို လူလည်းလှသလို စိတ်ထားလေးလည်းဖြူစင်တယ်ဆိုပြီး ချီးကျူးနေကြတာဖြစ်ပါတယ်။ခိုင်နှင်းဝေက သူမမွေးစားထားတဲ့ သားသမီးတွေအကုန်လုံးရဲ့ ပညာရေး၊ကျန်းမာရေး စတာတွေကို အစ၊အဆုံးတာဝန်ယူထားပြီး အလှူရှင်တွေရဲ့စေတနာနဲ့ လိုလေသေးမရှိအောင် ဂရုစိုက်ပေးတာဖြစ်ပါတယ်။သူမရဲ့ကလေးတွေကလည်း တဖြည်းဖြည်းနဲ့အရွယ်ရောက်လာကြပြီး သိတတ်လိမ္မာကြလို့ မွေးစားရကျိုးနပ်တဲ့ကလေး​တွေပဲဖြစ်ပါတယ်။

Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page

ခိုင်နှင်းဝေက သူမရဲ့သားသမီးတွေကို ဘုရား၊တရား၊သံဃာ၊မိဘ၊ဆရာသမားတို့ကို အမြဲဦးထိပ်ထားဖို့ သင်ကြားဆုံးမပေးတာဖြစ်ပါတယ်။သူမရဲ့သင်ကြားလမ်းပြမှုကြောင့် ကလေးတွေက အခုအရွယ်မှာတင် ဘာသာတရားကိုသိနားလည်ပြီး လက်အုပ်ချီကာရှိခိုးတတ်နေပြီဖြစ်ပါတယ်။ကလေးတွေကတော့ တညီတညာတည်းထိုင်ပြီးလက်အုပ်လေးတွေချီကာ ဘုရားရှိခိုးနေကြတဲ့ပုံရိပ်လေးတွေက အရမ်းကြည်နူးစရာကောင်းလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page

Source&Photo Credit:Khine Hnin Wai’s Fb page

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T