သားလေးအကျဉ်းထောင်ထဲရောက်နေချိန်မှာ ဆေးရုံတက်ပြီးဆေးကုသမှုခံယူခဲ့ရတဲ့ ပိုင်တံခွန့်မိခင်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေ

//s9.kh1.co/5c/5c4bdeb53deeff900edfb989b0e164cffe8301f2.jpeg
အနုပညာရှင်များ

 ၂၆-သြ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

သားလေးအကျဉ်းထောင်ထဲရောက်နေချိန်မှာ ဆေးရုံတက်ပြီးဆေးကုသမှုခံယူခဲ့ရတဲ့ ပိုင်တံခွန့်မိခင်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေ

မင်းသားချောပိုင်တံခွန်ကတော့ ဖေဖော်ဝါရီလ (၁)ရက်နေ့ကတည်းက ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ခဲ့တဲ့အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ပိုင်တံခွန်က ဆန္ဒထုတ်ဖော်ပွဲတွေမှာလည်း ရှေ့ဆုံးကနေပါဝင်ခဲ့ပြီး ပြည်သူတွေအန္တရာယ်မဖြစ်အောင် ခုခံကာကွယ်တဲ့နေရာမှာနေခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့ ပိုင်တံခွန်ကဖမ်းဆီးခံထားရတာဖြစ်ပြီး ဒီနေ့အချိန်ထိပြန်မလွတ်သေးတာကြောင့် မိသားစုဝင်တွေနဲ့ပရိသတ်တွေက အရမ်းစိတ်ပူနေကြတာပဲဖြစ်ပါတယ်။

Photo Credit:May Chit Thway’s Fb acc
Photo Credit:May Chit Thway’s Fb acc
Photo Credit:May Chit Thway’s Fb acc
Photo Credit:May Chit Thway’s Fb acc

ပိုင်တံခွန်ရဲ့မိခင်ကလည်း သားလေးစိတ်နဲ့ပဲ ကျန်းမာရေးမကောင်းဖြစ်ခဲ့ပြီး လွန်ခဲ့တဲ့ (၁)လကျော်က ဆေးရုံမှာဆေးကုသမှုခံယူလိုက်ရတာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ နေမကောင်းတဲ့ကြားထဲက သားလေးအမြန်လွတ်မြောက်အောင် ကောင်းမှူကုသိုလ်တွေလုပ်ဆောင်ပေးတာဖြစ်ပါတယ်။ကျန်းမာရေးမကောင်းဖြစ်နေတဲ့ ပိုင်တံခွန်ရဲ့မိခင်က ကိုယ်ခံအားနည်းနေချိန်မှာ ကိုဗစ်ရောဂါလည်းကူးစက်ခံခဲ့ရတာဖြစ်ပါတယ်။အဲ့ဒါကြောင့် ဆေးရုံတက်ရောက်ခဲ့ပြီး ရောဂါဝေဒနာကိုတိုက်ထုတ်ခဲ့ရတာဖြစ်ပါတယ်။

Photo Credit:May Chit Thway’s Fb acc
Photo Credit:May Chit Thway’s Fb acc
Photo Credit:May Chit Thway’s Fb acc
Photo Credit:May Chit Thway’s Fb acc

မနေ့ကဆိုရင်တော့ ပိုင်တံခွန်ရဲ့မိခင်က ရောဂါသက်သာသွားလို့ ဆေးရုံဆင်းလာပြီး အိမ်ပြန်ရောက်နေပြီလို့သိရပါတယ်။ပိုင်တံခွန်ရဲ့အစ်မဖြစ်သူကလည်း မိခင်နေမကောင်းချိန်မှာ အစစအရာရာ ကူညီပေးကြတဲ့မိတ်ဆွေတွေအကုန်လုံးကို ကျေးဇူးတင်ထားတာဖြစ်ပါတယ်။သားလေးအကျဉ်းထောင်ထဲရောက်နေချိန်မှာ မိခင်ဖြစ်သူကရောဂါဝေဒနာတွေခံစားခဲ့ရတာဖြစ်ပါတယ်။ပိုင်တံခွန်လည်း အမြန်ဆုံးလွတ်မြောက်ပြီး မိသားစုရင်ခွင်မှာနေရပါစေလို့ ဆုတောင်းပေးရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:May Chit Thway’s Fb acc
Photo Credit:May Chit Thway’s Fb acc
Photo Credit:May Chit Thway’s Fb acc
Photo Credit:May Chit Thway’s Fb acc

Source&Photo Credit:May Chit Thway’s Fb acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T