အိမ်ထမင်း၊အိမ်ဟင်းမစားရတာကြာနေပြီဖြစ်တဲ့ရဲဘော်တွေအတွက် ဖွယ်ဖွယ်ရာရာဟင်းလေးတွေ ချက်ပြုတ်ပေးထားတဲ့ ကိုပေါက်တို့အဖွဲ့ရဲ့ဗီဒီယို

//s9.kh1.co/ed/ed7cab6d86bf3b46b8c6fc37e5c9ad75975e187e.jpeg
အနုပညာရှင်များ

 ၂၆-သြ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

အိမ်ထမင်း၊အိမ်ဟင်းမစားရတာကြာနေပြီဖြစ်တဲ့ရဲဘော်တွေအတွက် ဖွယ်ဖွယ်ရာရာဟင်းလေးတွေ ချက်ပြုတ်ပေးထားတဲ့ ကိုပေါက်တို့အဖွဲ့ရဲ့ဗီဒီယို

ရုပ်ရှင်သရုပ်ဆောင်၊ဒါရိုက်တာကိုပေါက်ကတော့ အခုဆိုရင် လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီပဲဖြစ်ပါတယ်။ကိုပေါက်ကလည်း ပြည်သူတွေနဲ့တစ်စိတ်တစ်ဝမ်းတည်းရှိပြီး ဖေဖော်ဝါရီလကတည်းက ဆန္ဒထုတ်ဖော်ပွဲတွေလိုက်ကာ ညဆိုလည်း သံပုံးတီးနေကျဖြစ်ပါတယ်။အဲ့ဒါကြောင့် သူကအိမ်မှာနေလို့မရဘဲ လုံခြုံရေးအတွက်လွတ်မြောက်နယ်မြေကိုရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ကိုပေါက်ရဲ့စိတ်ဓာတ်ကို ပြည်သူတွေကလည်း လေးစားကြပြီး အန္တရာယ်ကင်းဖို့ဆုတောင်းပေးနေကြတာဖြစ်ပါတယ်။

Photo Credit:Aung Min Naing’s Fb acc
Photo Credit:Aung Min Naing’s Fb acc
Photo Credit:Aung Min Naing’s Fb acc
Photo Credit:Aung Min Naing’s Fb acc

ကိုပေါက်ကတော့ လွတ်မြောက်နယ်မြေရောက်နေချိန်မှာ ရဲဘော်တွေအတွက် စားသောက်ရေးတာဝန်ကိုယူထားရတာဖြစ်ပါတယ်။သူကိုယ်တိုင်ပဲ ဖွယ်ဖွယ်ရာရာဟင်းလေးတွေကို ချက်ပြုတ်ပေးပြီး ထမင်းစားလို့မြိန်အောင်ပြင်ဆင်ပေးတာဖြစ်ပါတယ်။ကိုပေါက်ကတော့ မိသားစုနဲ့ခွဲနေရချိန်မှာ တောထဲအတူတူရှိနေတဲ့ လူငယ်တွေကိုပဲကိုယ့်ရဲ့မိသားစုဝင်လိုမျိုးသတ်မှတ်ပြီး အေးအတူပူအမျှနေထိုင်နေတာပဲဖြစ်ပါတယ်။

Photo Credit:Aung Min Naing’s Fb acc
Photo Credit:Aung Min Naing’s Fb acc
Photo Credit:Aung Min Naing’s Fb acc
Photo Credit:Aung Min Naing’s Fb acc

ဒီနေ့မှာဆိုရင်တော့ ကိုပေါက်က ရဲဘော်တွေစားဖို့အတွက် အရသာရှိပြီးအာဟာရပြည့်ဝမယ့် ကြက်သားဟင်းကိုချက်ပေးနေတာဖြစ်ပါတယ်။နောက်ထပ်လည်း အရန်ဟင်းတွေကိုပြင်ဆင်ထားပြီး ထမင်းပူပူ၊ဟင်းပူပူလေးတွေနဲ့ခေါင်းမဖော်တမ်းစားရအောင် ဖန်တီးပေးထားတာဖြစ်ပါတယ်။ကိုပေါက်တို့အဖွဲ့သားတွေကတော့ ကျရာတာဝန်ကိုယ်စီကို ကျေပွန်စွာထမ်းဆောင်ကြပြီး အပြန်အလှန်ရိုင်းပင်းကူညီနေကြတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Aung Min Naing’s Fb acc
Photo Credit:Aung Min Naing’s Fb acc
Photo Credit:Aung Min Naing’s Fb acc
Photo Credit:Aung Min Naing’s Fb acc

Source&Video Credit:Aung Min Naing’s Fb acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T