သူ့ရဲ့ရင်သွေးလေးကို နောက်လမှာတွေ့မြင်ရတော့မှာဖြစ်လို့ မိဘမေတ္တာကို ပိုခံစားတတ်လာပြီး ကွယ်လွန်သူဖခင်ကိုသတိရနေတဲ့ နက္ခတ်

//s9.kh1.co/18/18609641e514736d524fe89529466c04dcdfd067.jpeg
အနုပညာရှင်များ

 ၂၇-သြ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

သူ့ရဲ့ရင်သွေးလေးကို နောက်လမှာတွေ့မြင်ရတော့မှာဖြစ်လို့ မိဘမေတ္တာကို ပိုခံစားတတ်လာပြီး ကွယ်လွန်သူဖခင်ကိုသတိရနေတဲ့ နက္ခတ်

သရုပ်ဆောင်နက္ခတ်ကတော့ ချစ်ဇနီးလေးနဲ့အတူ နှစ်ကိုယ်တူဘဝလေးကိုလျှောက်လှမ်းနေပြီး မကြာခင်မှာမိသားစုလေးတစ်စုဖြစ်လာတော့မှာဖြစ်ပါတယ်။နက္ခတ်ရဲ့ ဇနီးလေးက ကိုယ်ဝန်လွယ်ထားရတာ (၉)လကျော်နေပြီဖြစ်ပါတယ်။နက္ခတ်ကလည်း ကိုယ်ဝန်လွယ်ထားရတဲ့ချစ်ဇနီးကို အဆင်ပြေပြေ၊ကျန်းကျန်းမာမာနဲ့မွေးဖွားနိုင်အောင်လို့ အစစအရာရာ ဂရုစိုက်ပေးနေတာဖြစ်ပါတယ်။သူကိုယ်တိုင် ဖခင်နေရာရောက်တော့မှာဖြစ်လို့ ပျော်ရွှင်ကြည်နူးနေတာပဲဖြစ်ပါတယ်။

Photo Credit:နက္ခတ် Facebook page
Photo Credit:နက္ခတ် Facebook page
Photo Credit:နက္ခတ် Facebook page
Photo Credit:နက္ခတ် Facebook page

နက္ခတ်က သူ့ရဲ့ချစ်လှစွာသောဖခင်ကို မေလ (၁၃)ရက်နေ့၊ည (၁၁:၃၉)အချိန်တွင် ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ဖခင်ဖြစ်သူကို ပူပူနွေးနွေးဆုံးရှုံးထားရတဲ့ နက္ခတ်လည်း ဖခင်တစ်ယောက်ဖြစ်လာတော့မှာဖြစ်တာကြောင့် သူ့အဖေနဲ့အမေရဲ့မေတ္တာတရားတွေကို ပိုခံစားတတ်လာနေတာဖြစ်ပါတယ်။နက္ခတ်ကတော့ မိခင်ဖြစ်သူ သူ့ကိုကိုယ်ဝန်လွယ်ထားရချိန်မှာ အဖေနဲ့အမေ ဘယ်လောက်ပျော်ရွှင်ကြည်နူးနေမလဲဆိုတာကို တွေးနေမိတာဖြစ်ပါတယ်။

Photo Credit:နက္ခတ် Facebook page
Photo Credit:နက္ခတ် Facebook page
Photo Credit:နက္ခတ် Facebook page
Photo Credit:နက္ခတ် Facebook page
Photo Credit:နက္ခတ် Facebook page
Photo Credit:နက္ခတ် Facebook page

သူကိုယ်တိုင်ဖခင်တစ်ယောက်ဖြစ်လာတော့မယ့်အချိန်မှာ အဖေကဘေးနားမှာမရှိတော့လို့ အရမ်းသတိရနေတာဖြစ်ပါတယ်။သူ့ရဲ့အဖေရှိနေသေးရင်လည်း ဆုံးမစကားတွေကို ကြားနေချင်သေးတာဖြစ်ပါတယ်။နောက်လမှာလူ့လောကထဲရောက်လာတော့မယ့် သူ့ရဲ့ရင်သွေးလေးကို မျှော်နေရင်း တန်ဖိုးဖြတ်လို့မရတဲ့ မိဘမေတ္တာကို ပိုနားလည်နေတာဖြစ်ပါတယ်။သရုပ်ဆောင်နက္ခတ်ကတော့ ဖခင်နေရာရောက်လာတော့မယ့်ခံစားချက်ကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားလာခဲ့တာဖြစ်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:နက္ခတ် Facebook page
Photo Credit:နက္ခတ် Facebook page
Photo Credit:နက္ခတ် Facebook page
Photo Credit:နက္ခတ် Facebook page
Photo Credit:နက္ခတ် Facebook page
Photo Credit:နက္ခတ် Facebook page

Source&Photo Credit:နက္ခတ် Facebook page

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T