ရဲဘော်တွေရဲ့စားသောက်ရေးအတွက် ကိုယ်တိုင်ချက်ပြုတ်ဖို့ စေတနာအပြည့်နဲ့တာဝန်ယူပေးရင်း ရယ်ရခက်၊ငိုရခက်အဖြစ်နဲ့ ကြုံခဲ့ရတဲ့ ကိုပေါက်

//s9.kh1.co/d1/d115afef7336ed8e04a9b8e82b87408e0fac550c.jpeg
အနုပညာရှင်များ

 ၂၇-သြ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ရဲဘော်တွေရဲ့စားသောက်ရေးအတွက် ကိုယ်တိုင်ချက်ပြုတ်ဖို့ စေတနာအပြည့်နဲ့တာဝန်ယူပေးရင်း ရယ်ရခက်၊ငိုရခက်အဖြစ်နဲ့ ကြုံခဲ့ရတဲ့ ကိုပေါက်

ပရိသတ်တွေကို အမြဲပျော်စရာတွေနဲ့သာတင်ဆက်ပေးနေတဲ့ ကိုပေါက်ကတော့ အခုချိန်မှာ သူ့ရဲ့လုံခြုံရေးအတွက်တောထဲတစ်နေရာကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။ကိုပေါက်ကလည်း ပြည်သူတွေနဲ့အတူ ဒီမိုကရေစီရရှိဖို့အတွက် တတပ်တအားပါဝင်အားဖြည့်ပေးတာဖြစ်ပါတယ်။ကိုပေါက်က ဘယ်နေရာမှာမဆို မိတ်ဆွေ၊အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါးနေတတ်ပြီး အခုလည်း လွတ်မြောက်နယ်မြေက ရဲဘော်တွေနဲ့ ညီအစ်ကိုတွေလိုမျိုး ခင်မင်နေတာဖြစ်ပါတယ်။

Photo Credit:Aung Min Naing’s Fb acc myday 
Photo Credit:Aung Min Naing’s Fb acc myday 
Photo Credit:Aung Min Naing’s Fb acc myday 
Photo Credit:Aung Min Naing’s Fb acc myday 

ကိုပေါက်ကတော့ တောထဲရောက်နေချိန်မှာ ရဲဘော်တွေရဲ့စားသောက်ရေးအတွက် ချက်ပြုတ်ဖို့ကို တာဝန်ယူပေးထားတာဖြစ်ပါတယ်။တောထဲမှာ ဟင်းချက်စရာမစုံလင်ပေမယ့်လည်း ကိုပေါက်တို့ ချက်ပြုတ်ရေးအဖွဲ့ကတော့ ရှိတာလေးတွေကို ဖွယ်ဖွယ်ရာရာဖြစ်အောင် စေတနာအပြည့်နဲ့ပြင်ဆင်ပေးတာဖြစ်ပါတယ်။ကိုပေါက်အပါအဝင်ရဲဘော်တွေအကုန်လုံးက ကျရာကိုယ်စီတာဝန်ကို မညည်းမညူဘဲ သေချာလုပ်ဆောင်ကြတာဖြစ်ပါတယ်။

Photo Credit:Aung Min Naing’s Fb acc myday 
Photo Credit:Aung Min Naing’s Fb acc myday 
Photo Credit:Aung Min Naing’s Fb acc myday 
Photo Credit:Aung Min Naing’s Fb acc myday 

ကိုပေါက်တို့အဖွဲ့ကလည်း စားသောက်ရေးအတွက် မနက်တစ်ခါ၊ညတစ်ခါ ချက်ပြုတ်ကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ ကိုပေါက်က ချက်ပြုတ်ဖို့အတွက် အရွက်တွေလှီးနေရင်း စဉ်းတီတုံးတောင်ကျိုးသွားခဲ့တာဖြစ်ပါတယ်။စေတနာအပြည့်နဲ့ချက်ပြုတ်ဖို့ ပြင်ဆင်နေတဲ့ ကိုပေါက်က ဒီနေ့မနက်မှာပဲ မရှိမဲ့ရှိမဲ့စဉ်းတီတုံးလေးကျိုးသွားခဲ့လို့ရယ်ရမလို၊ငိုရမလိုဖြစ်ခဲ့ရတာဖြစ်ပါတယ်။ဒါ့ကြောင့် တောထဲရောက်နေတဲ့ ကိုပေါက်က သူ့ရဲ့အဖြစ်ကို ဓာတ်ပုံရိုက်ပြီးတင်ပေးလာတာဖြစ်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 

Photo Credit:Aung Min Naing’s Fb acc myday 
Photo Credit:Aung Min Naing’s Fb acc myday 
Photo Credit:Aung Min Naing’s Fb acc myday 
Photo Credit:Aung Min Naing’s Fb acc myday 

Source&Photo Credit:Aung Min Naing’s Fb acc myday

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T