သူမရဲ့တစ်ဦးတည်းသောသမီးလေးနဲ့ပတ်သက်ပြီး မိခင်ဖြစ်သူရဲ့အိပ်မက်ကြောင့် နည်းနည်းလေးတော့ကြောက်သွားမိတယ်ဆိုတဲ့ အေးသီတာ

//s9.kh1.co/bb/bb6de1e01d814eb61a613ffc33323a754a46c3ce.jpeg
အနုပညာရှင်များ

 ၂၇-သြ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

သူမရဲ့တစ်ဦးတည်းသောသမီးလေးနဲ့ပတ်သက်ပြီး မိခင်ဖြစ်သူရဲ့အိပ်မက်ကြောင့် နည်းနည်းလေးတော့ကြောက်သွားမိတယ်ဆိုတဲ့ အေးသီတာ

သရုပ်ဆောင်အေးသီတာကတော့ ဒီကာလမှာ သူမရဲ့လုပ်အားဒါနနဲ့ အလှူရှင်တွေရဲ့စေတနာကိုပေါင်းပြီးအလှူအတန်းတွေကို နေ့တိုင်းနီးပါးလုပ်ဆောင်နေတာပဲဖြစ်ပါတယ်။အေးသီတာက နွေဦးတော်လှန်ရေးအတွက်လည်း ပြည်သူတွေနဲ့အတူ တတ်နိုင်သလောက်ရပ်တည်ခဲ့တဲ့သူဖြစ်ပါတယ်။အေးသီတာက လတ်တလောမှာကိုယ်တိုင်လမ်းပေါ်ထွက်ပြီး အခြေခံလူတန်းစားတွေအတွက် ထမင်းဘူးလေးတွေလှူပေးနေတာဖြစ်ပါတယ်။

Photo Credit:Aye Thida’s Facebook Acc 
Photo Credit:Aye Thida’s Facebook Acc 
Photo Credit:Aye Thida’s Facebook Acc 
Photo Credit:Aye Thida’s Facebook Acc 

အေးသီတာမှာ ချစ်စရာသမီးလေးတစ်ယောက်လည်းရှိပြီး အေးချမ်းတည်ငြိမ်တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပါတယ်။အေးသီတာရဲ့မိခင်က မြေးမလေးနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ညက အိပ်မက်တစ်ခုမက်ခဲ့ပါတယ်။အဲ့ဒီအိပ်မက်ထဲမှာ မြေးမလေးကို ပျောက်သွားလို့လိုက်ရှာနေတာဖြစ်ပြီး ပြန်တွေ့တဲ့အချိန်မှာ ပါးစပ်ထဲအမြှုပ်တွေထွက်ကာသေသွားခဲ့တယ်လို့ မက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအကြောင်းကို မိခင်ဖြစ်သူက မနက်ရောက်တော့ အေးသီတာကို ဖုန်းဆက်ပြောပြခဲ့တာဖြစ်ပါတယ်။

Photo Credit:Aye Thida’s Facebook Acc 
Photo Credit:Aye Thida’s Facebook Acc 
Photo Credit:Aye Thida’s Facebook Acc 
Photo Credit:Aye Thida’s Facebook Acc 
Photo Credit:Aye Thida’s Facebook Acc 
Photo Credit:Aye Thida’s Facebook Acc 

အေးသီတာရဲ့သမီးလေးကလည်း အရမ်းဆော့တတ်တဲ့အပြင် တစ်နေရာမှာငြိမ်ပြီး ပါးစပ်ထဲ ပစ္စည်းတချို့လျှောက်ထည့်တတ်တယ်လို့ စာထဲမှာရေးသားထားပါတယ်။သမီးလေးရဲ့အပြုအမူကိုသိနေတဲ့ အေးသီတာလည်းမိခင်ရဲ့အိပ်မက်ကြောင့် နည်းနည်းလေးတော့ကြောက်သွားခဲ့ပြီး အိပ်မက်ပြောင်းပြန်ဖြစ်ပါစေလို့ဆုတောင်းနေတာဖြစ်ပါတယ်။အေးသီတာလည်း သမီးလေးအတွက်စိတ်ပူတာကြောင့် သူမရဲ့ဖြစ်ရပ်လေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရင်ဖွင့်ရေးသားလာလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Aye Thida’s Facebook Acc 
Photo Credit:Aye Thida’s Facebook Acc 
Photo Credit:Aye Thida’s Facebook Acc 
Photo Credit:Aye Thida’s Facebook Acc 

Source&Photo Credit:Aye Thida’s Facebook Acc 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T