KNU တပ်မဟာ (၅)ရဲ့ ထိပ်ပိုင်းခေါင်းဆောင်ဖြစ်ပေမယ့်လည်း မိသားစုထမင်းဝိုင်းလေးမှာ ရှိတာလေးနဲ့ရောင့်ရဲတင်းတိမ်စွာ စားသောက်နေတဲ့မြင်ကွင်း

//s9.kh1.co/46/461d32214d8a71e4b8bf67b37c9ec3c1a02cc9c7.jpeg
နေ့စဉ်သတင်းများ

 ၂၇-သြ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

KNU တပ်မဟာ (၅)ရဲ့ ထိပ်ပိုင်းခေါင်းဆောင်ဖြစ်ပေမယ့်လည်း မိသားစုထမင်းဝိုင်းလေးမှာ ရှိတာလေးနဲ့ရောင့်ရဲတင်းတိမ်စွာ စားသောက်နေတဲ့မြင်ကွင်း

လက်ရှိမြန်မာပြည်တွင်းရေးမှာတော့ KNU အဖွဲ့အစည်းကလည်း ပြည်သူတွေရဲ့ဘက်မှာနေပြီး လိုအပ်တာတွေကိုကူညီပေးနေကြတာဖြစ်ပါတယ်။သူတို့ဆီမှာ လာရောက်ခိုလှုံကြတဲ့ ပြည်သူတွေကိုလည်း နွေးထွေးစွာကြိုဆိုကြပြီးစစ်ပညာတွေသင်ကြားလေ့ကျင့်ပေးတာဖြစ်ပါတယ်။ကရင်လူမျိုးတိုင်းရင်းသားတွေကတော့ စိတ်ထားဖြူစင်ကြပြီး ဒုက္ခရောက်နေတဲ့သူတွေကို စိတ်ရင်းအမှန်နဲ့ကူညီပေးကြလို့ ပြည်သူလူထုကလည်း လေးစားနေကြတာဖြစ်ပါတယ်။

Photo Credit:Dawkalu Network’s Fb page
Photo Credit:Dawkalu Network’s Fb page
Photo Credit:Dawkalu Network’s Fb page
Photo Credit:Dawkalu Network’s Fb page

ကရင်လူမျိုးတိုင်းရင်းသားတွေက ဘယ်သူ့ရဲ့ဖိနှိပ်အနိုင်ကျင့်မှုအောက်မှာမှမဟုတ်ဘဲ အေးအေးချမ်းချမ်းလေးနေခွင့်ရမယ့်တစ်နေ့ကို စောင့်မျှော်နေကြတာဖြစ်ပါတယ်။ဒါ့ကြောင့် ပြည်သူလူထု လက်ရှိကြုံတွေ့နေရတဲ့အခက်အခဲတွေကို ကိုယ်ချင်းစာနာလို့ အတူတူရပ်တည်ပေးနေတာဖြစ်ပါတယ်။KNU ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကလည်းအကုန်လုံးကိုတစ်သားတည်းဆက်ဆံတတ်ပြီး ပကာသနမမက်ဘဲ ရိုးရိုးရှင်းရှင်းနေထိုင်တတ်သူတွေဖြစ်ပါတယ်။

Photo Credit:Dawkalu Network’s Fb page
Photo Credit:Dawkalu Network’s Fb page
Photo Credit:Dawkalu Network’s Fb page
Photo Credit:Dawkalu Network’s Fb page

အခုဆိုရင်တော့ KNU တပ်မဟာ (၅)ရဲ့ ထိပ်ပိုင်းခေါင်းဆောင်ထဲကတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီး ကလယ်ဒိုကတော့မိသားစုထမင်းဝိုင်းလေးမှာ ရှိတာလေးနဲ့စားသောက်နေတာဖြစ်ပါတယ်။ဗိုလ်မှူးကြီးတစ်ယောက်ရဲ့ထမင်းဝိုင်းကတော့ ထိုင်စရာခုံလေးတောင်မပါဘဲ ရောင့်ရဲတင်းတိမ်စွာစားသောက်နေတာဖြစ်ပါတယ်။ဗိုလ်မှူးကြီး ကလယ်ဒိုကလည်း ဂုဏ်ပကာသနနဲ့မနေတတ်ဘဲ အေးချမ်းစွာနေထိုင်တတ်ပုံကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Dawkalu Network’s Fb page
Photo Credit:Dawkalu Network’s Fb page
Photo Credit:Dawkalu Network’s Fb page
Photo Credit:Dawkalu Network’s Fb page

Source&Photo Credit:Dawkalu Network’s Fb page

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T