သံဃာတော်တွေကိုကြည်ညိုလို့ လမ်းပေါ်မှာတင်ထိုင်ပြီး လက်အုပ်တွေချီကာ သူတို့ကိုဆုတောင်းပေးဖို့တောင်းဆိုခဲ့ကြတဲ့ နိုင်ငံခြားသားများ

//s9.kh1.co/4f/4f275d0bb2202d63033881ec9354df8aa98e0919.jpeg
နေ့စဉ်သတင်းများ

 ၂၈-သြ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

သံဃာတော်တွေကိုကြည်ညိုလို့ လမ်းပေါ်မှာတင်ထိုင်ပြီး လက်အုပ်တွေချီကာ သူတို့ကိုဆုတောင်းပေးဖို့တောင်းဆိုခဲ့ကြတဲ့ နိုင်ငံခြားသားများ

ဘုရားသားတော်တွေအဖြစ် သာသနာ့ဝန်ကိုထမ်းရွက်နေကြတဲ့ သံဃာတော်တွေကတော့ မြန်မာပြည်တွင်းမှာသီတင်းသုံးကြတာလည်းရှိသလို ပြည်ပနိုင်ငံတွေမှာလည်း သီတင်းသုံးကြပါတယ်။သံဃာတော်တွေက ပြည်ပနိုင်ငံတွေမှာ သာသနာတော်ထွန်းကားကျယ်ပြန့်အောင် ကြိုးစားဆောင်ရွက်နေကြတာဖြစ်ပါတယ်။ပြည်ပရောက်မြန်မာလူမျိုးတွေကလည်း သံဃာတော်တွေအတွက် အလှူအတန်းတွေလုပ်ဆောင်ကြပြီး ဆွမ်းခံကြွရင်လည်း လောင်းလှူကြပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုလိုမျိုး သံဃာတော်တွေကို မြန်မာလူမျိုးတွေက ကြည်ညိုကြတာကြောင့် နိုင်ငံခြားသားများကလည်း ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်ကြပါတယ်။ဂျာမနီနိုင်ငံမှာ သီတင်းသုံးနေထိုင်နေကြတဲ့ ဘုန်းဘုန်းတို့က သူတို့ရဲ့ ဒါယိကာ၊ဒါယကာမတွေနဲ့အတူ မြို့ပေါ်လည်ပတ်ကြတဲ့အခါရှိပါတယ်။အဲ့ဒီလိုလည်ပတ်နေတဲ့အချိန်မှာ နိုင်ငံခြားသားတချို့က ဘုန်းဘုန်းတို့ထံရောက်ရှိလာပြီး ဆုတောင်းပေးဖို့ တောင်းဆိုလာကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

နိုင်ငံခြားသားတွေကလည်း လမ်းပေါ်မှာတင်ထိုင်ပြီး လက်အုပ်လေးတွေချီကာ ဘုန်းဘုန်းတို့ရဲ့ဆုတောင်းစကားကိုအာရုံပြုနေကြတာဖြစ်ပါတယ်။ရွတ်ဖတ်ပြီးသွားတဲ့နောက်မှာ နိုင်ငံခြားသားတွေက "ဘယ်လောက်ပေးရမလဲ"ဆိုပြီး မေးမြန်းခဲ့တာကြောင့် ဘုန်းဘုန်းတို့ကလည်း မေတ္တာနဲ့ဆုတောင်းပေးတာဖြစ်လို့ "မလိုပါဘူး"လို့ ပြန်ဖြေခဲ့တာဖြစ်ပါတယ်။အခုလိုမျိုး နိုင်ငံခြားသားတွေကလည်း သံဃာတော်တွေကိုကြည်ညိုနေကြတဲ့ပုံရိပ်လေးကို ပီတိဖြစ်စွာနဲ့ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T