အဝေးကြီးကနေလမ်းလျှောက်လာပြီး သူ့ရဲ့ဆေးခန်းရှေ့မှာထိုင်စောင့်နေကြတဲ့ကလေးလေးတွေရဲ့အခြေအနေကြောင့် စိတ်မကောင်းဖြစ်ခဲ့ရတဲ့ ဆရာဝန်တစ်ဦး

//s9.kh1.co/a4/a484abfec596b59689c2c3e212a53af277e09c93.jpeg
နေ့စဉ်သတင်းများ

 ၂၈-သြ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

အဝေးကြီးကနေလမ်းလျှောက်လာပြီး သူ့ရဲ့ဆေးခန်းရှေ့မှာထိုင်စောင့်နေကြတဲ့ကလေးလေးတွေရဲ့အခြေအနေကြောင့် စိတ်မကောင်းဖြစ်ခဲ့ရတဲ့ ဆရာဝန်တစ်ဦး

ပြည်သူတွေရဲ့အခက်အခဲကို စေတနာရှင်တွေနဲ့ ပရဟိတအဖွဲ့အစည်းတွေက ဝိုင်းဝန်းဖြေရှင်းပေးနေကြတာဖြစ်ပါတယ်။ဆရာဝန်တွေဆိုရင်လည်း မိမိတို့တတ်မြောက်ထားတဲ့ပညာနဲ့ ပြည်သူတွေရဲ့ကျန်းမာရေးကိုစောင့်ရှောက်ပေးတာဖြစ်ပါတယ်။ဆရာဝန်တစ်ဦးဆိုရင် သူ့ရဲ့မိတ်ဆွေတွေနဲ့အတူ နယ်လှည့်ဆေးကုသရေးအဖွဲ့ကိုဖွဲ့စည်းထားတာဖြစ်ပါတယ်။ဒါ့အပြင် သူက အခမဲ့ကုသိုလ်ဖြစ်ဆေးခန်းလေးကို ဖွင့်လှစ်ထားပြီး လိုအပ်သူတွေကိုလည်း အလှူရှင်တွေရဲ့ကောင်းမှူနဲ့ ဆန်၊ဆီ စတာလေးတွေဝေပေးနေကျဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

လတ်တလောမှာတော့ ဆရာဝန်က ကျန်းမာရေးစည်းကမ်းချက်များနဲ့အညီ ပြည်သူတွေကိုလှူဒါန်းပေးနေတာတောင် အတိုင်ခံထားရတာဖြစ်ပါတယ်။ဒါ့ကြောင့် နေ့စဉ်ဆန်လှူဒါန်းခြင်းကို ရပ်ထားရတာဖြစ်ပါတယ်။ဒီနေ့မနက်မှာဆိုရင် ကလေးလေးတချို့က သူ့ရဲ့ဆေးခန်းရှေ့မှာ လာထိုင်စောင့်နေကြတာဖြစ်ပါတယ်။ကလေးတွေက မနက်စောစော အဝေးကြီးကနေလမ်းလျှောက်လာရတာဖြစ်ပါတယ်။ထိုင်စောင့်နေရတဲ့အကြောင်းအရင်းကလည်း ဆန်လေးရဖို့အတွက် ဆရာဝန်ဆီလာခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

စေတနာရှင်ဆရာဝန်ကလည်း လူသားချင်းစာနာထောက်ထားတတ်ပြီး အလှူရှင်များရဲ့ပံ့ပိုးမှုကြောင့် အခုလိုမျိုးလှူဒါန်းနေနိုင်တာဖြစ်ပါတယ်။ဆေးခန်းရှေ့မှာ ထိုင့်စောင့်နေကြတဲ့ကလေးလေးတွေကို တွေ့တဲ့အခါ ဆရာဝန်လည်း စိတ်မကောင်းဖြစ်ခဲ့ရပြီး သူတို့လိုချင်တဲ့ဆန်တွေ မျှဝေပေးလိုက်တာဖြစ်ပါတယ်။ဒီကာလမှာ ခက်ခဲနေတဲ့ပြည်သူတွေကို ပြည်သူအချင်းချင်းကသာ ကြည့်ရှူ့ပေးကြပြီး ကိုယ်ချင်းစာတရားအပြည့်နဲ့ကူညီပေးကြတဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit:Original Uploder

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T