သူကိုယ်တိုင်ဆောက်ပေးခဲ့တဲ့အိမ်လေးမှာ အေးအေးချမ်းချမ်းနေထိုင်နေတဲ့ အမျိုးသမီးနဲ့ ကလေး (၇) ယောက်တို့ကို ထပ်မံသွားကြည့်ခဲ့တဲ့ ဝေဠုကျော်

//s9.kh1.co/2b/2ba4ec326c6610b50b3cde468791d12f7a730d39.jpeg
အနုပညာရှင်များ

 ၂၈-သြ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

သူကိုယ်တိုင်ဆောက်ပေးခဲ့တဲ့အိမ်လေးမှာ အေးအေးချမ်းချမ်းနေထိုင်နေတဲ့ အမျိုးသမီးနဲ့ ကလေး (၇) ယောက်တို့ကို ထပ်မံသွားကြည့်ခဲ့တဲ့ ဝေဠုကျော်

ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ အလှူရှင်တွေရဲ့ဝိုင်းဝန်းပံ့ပိုးပေးမှုကြောင့် ပြည်သူတွေရဲ့အခက်အခဲများစွာကိုကူညီပေးနိုင်တာပဲဖြစ်ပါတယ်။ဝေဠုကျော်ဖောင်ဒေးရှင်းက အဖွဲ့သားတွေကလည်း ကိုဗစ်ပထမလှိုင်းကတည်းကတတိယလှိုင်းအထိ ညကြီးအချိန်မတော်ဖြစ်နေရင်တောင် ပြည်သူတွေရဲ့အသက်ကို ကယ်တင်ပေးခဲ့တာဖြစ်ပါတယ်။ဝေဠုကျော်ကလည်း နေရာအနှံ့ကို ကိုယ်တိုင်လိုက်ပါပြီး ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံဆောင်ရွက်နေတာပဲဖြစ်ပါတယ်။

Photo Credit:Wai Lu Kyaw Foundation’s Fb page

ဝေဠုကျော်ဖောင်ဒေးရှင်းမှ အလှူရှင်များရဲ့ကိုယ်စား တောင်ဒဂုံကျူးကျော်မှာနေထိုင်တဲ့အမျိုးသမီးတစ်ဦးအတွက် အိမ်အသစ်လေးတစ်လုံးဆောက်လုပ်ပေးခဲ့ဖူးတာဖြစ်ပါတယ်။သူမကတော့ ယောက်ျားသေဆုံးသွားခဲ့ပြီးကိုယ်ဝန်အရင့်အမာနဲ့ကျန်နေခဲ့ရတာဖြစ်ပါတယ်။ဒါ့အပြင် နောက်ထပ် ကလေး (၆)ယောက်လည်းရှိတာကြောင့်မိသားစုစားဝတ်နေရေးအတွက် ခက်ခက်ခဲခဲရုန်းကန်နေရတယ်လို့ သိရပါတယ်။လက်ရှိမှာတော့ အဲ့ဒီအမျိုးသမီးလည်း ကလေးလေးမွေးဖွားထားပြီးပြီဖြစ်ပါတယ်။

Photo Credit:Wai Lu Kyaw Foundation’s Fb page
Photo Credit:Wai Lu Kyaw Foundation’s Fb page
Photo Credit:Wai Lu Kyaw Foundation’s Fb page
Photo Credit:Wai Lu Kyaw Foundation’s Fb page
Photo Credit:Wai Lu Kyaw Foundation’s Fb page
Photo Credit:Wai Lu Kyaw Foundation’s Fb page

ဒါ့ကြောင့် ဝေဠုကျော်တို့အဖွဲ့က အဲ့ဒီအမျိုးသမီးဆီ ထပ်မံသွားရောက်ပြီး အခြေအနေမေးမြန်းခဲ့ကြတာဖြစ်ပါတယ်။မိသားစုစားသောက်ဖို့အတွက်လည်း ဆန် ၊ဆီ စားနပ်ရိက္ခာအပြင် အဝတ်အထည်၊ mask တို့ကိုထောက်ပံ့လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ဝေဠုကျော်ကိုယ်တိုင်ဆောက်ပေးခဲ့တဲ့အိမ်လေးမှာ အေးအေးချမ်းချမ်းနေထိုင်နေတဲ့ အမျိုးသမီးနဲ့ကလေး(၇)ယောက်ကို စေတနာအပြည့်နဲ့လှူဒါန်းပေးခဲ့တဲ့ ဖောင်ဒေးရှင်းအဖွဲ့ရဲ့ပုံရိပ်တွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Wai Lu Kyaw Foundation’s Fb page
Photo Credit:Wai Lu Kyaw Foundation’s Fb page
Photo Credit:Wai Lu Kyaw Foundation’s Fb page
Photo Credit:Wai Lu Kyaw Foundation’s Fb page
Photo Credit:Wai Lu Kyaw Foundation’s Fb page
Photo Credit:Wai Lu Kyaw Foundation’s Fb page

Source&Photo Credit:Wai Lu Kyaw Foundation’s Fb page

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T