အသက်ဘေးအန္တရာယ်ကြောင့်သာ ရွှေ့ပြောင်းနေရပြီး ရေ၊မီးလုံးဝမရရှိလို့ ဒုက္ခရောက်နေကြတဲ့သွေးချင်းတွေရဲ့အခြေအနေမှန်ကိုပြသလာတဲ့ ပရဟိတအဖွဲ့

//s9.kh1.co/59/590bc4d9083186fdc2fce8fe75e00dcec9978856.jpeg
နေ့စဉ်သတင်းများ

 ၂၈-သြ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

အသက်ဘေးအန္တရာယ်ကြောင့်သာ ရွှေ့ပြောင်းနေရပြီး ရေ၊မီးလုံးဝမရရှိလို့ ဒုက္ခရောက်နေကြတဲ့သွေးချင်းတွေရဲ့အခြေအနေမှန်ကိုပြသလာတဲ့ ပရဟိတအဖွဲ့

ပရဟိတအဖွဲ့အစည်းတွေကတော့ ဝေးလံခေါင်ဖျားတဲ့ တချို့နေရာတွေအထိ အရောက်သွားပြီး စစ်ဘေးရှောင်ပြည်သူတွေကို ကူညီပေးနေကြတာဖြစ်ပါတယ်။စစ်ရှောင်ပြည်သူတွေလည်း အသက်ဘေးအန္တရာယ်ကနေလွတ်ကင်းဖို့အတွက်သာ မိမိတို့အိမ်ကိုစွန့်ခွါပြီး ရွှေ့ပြောင်းနေရတာပဲဖြစ်ပါတယ်။သွေးချင်းညီအစ်ကိုမောင်နှမတွေလည်း ရောက်တဲ့နေရာမှာ ရေမရှိ၊မီးမရှိနဲ့ ဒုက္ခမျိုးစုံကိုကြုံတွေ့နေရတာဖြစ်လို့ ပရဟိတအဖွဲ့တွေကလည်း ကူညီပေးကြတာဖြစ်ပါတယ်။

Photo Credit:Clean Yangon’s Fb page
Photo Credit:Clean Yangon’s Fb page
Photo Credit:Clean Yangon’s Fb page
Photo Credit:Clean Yangon’s Fb page

Clean Yangon အဖွဲ့ကလည်း စေတနာရှင်တွေရဲ့အလှူငွေနဲ့ တောင်ပေါ်ဒေသကတိုင်းရင်းသားတွေရဲ့ အခက်အခဲကိုကူညီဖြေရှင်းပေးနေတာဖြစ်ပါတယ်။စစ်ဘေးရှောင်စခန်းတစ်ခုမှာ လိုအပ်တဲ့ အမိုးအကာတွေအပြင် အိမ်သာဆောက်ဖို့အတွက်ပစ္စည်းတွေပါလှူဒါန်းပေးကြတာဖြစ်ပါတယ်။ဒါ့အပြင် ရေမီးရရှိဖို့အတွက်လည်း Clean Yangon အဖွဲ့သားတွေက တတပ်တအားကူညီပေးနေကြတာဖြစ်ပါတယ်။မီးအတွက်ကတော့ ဆိုလာပြားလေးတွေကူညီပေးဖို့ အလှူခံနေတာဖြစ်ပါတယ်။

Photo Credit:Clean Yangon’s Fb page
Photo Credit:Clean Yangon’s Fb page
Photo Credit:Clean Yangon’s Fb page
Photo Credit:Clean Yangon’s Fb page
Photo Credit:Clean Yangon’s Fb page
Photo Credit:Clean Yangon’s Fb page

တောထဲတောင်ထဲမှာ ညရေးညတာအဆင်ပြေဖို့အတွက် မီးက အမှန်တကယ်လိုအပ်နေတာဖြစ်ပါတယ်။အခုချိန်မှာတော့ စစ်ရှောင်ပြည်သူတွေလည်း အခြေအနေမျိုးစုံကို ကြုံသလိုသာရင်ဆိုင်ဖြေရှင်းနေကြပေမယ့် ကူညီပေးမယ့်အဖွဲ့အစည်းတွေကြောင့် ပိုမိုအဆင်ပြေနေတာဖြစ်ပါတယ်။တောတောင်ထဲရောက်နေတဲ့အချိန်မှာ လေဒဏ်၊မိုးဒဏ်ကိုခံစားနေရတဲ့ စစ်ရှောင်ပြည်သူတွေရဲ့ အခြေအနေအမှန်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Clean Yangon’s Fb page
Photo Credit:Clean Yangon’s Fb page
Photo Credit:Clean Yangon’s Fb page
Photo Credit:Clean Yangon’s Fb page
Photo Credit:Clean Yangon’s Fb page
Photo Credit:Clean Yangon’s Fb page

Source&Photo Credit:Clean Yangon’s Fb page

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T