သားလေးတွေက အလုအယက်နှိပ်ပေးကြပြီး သမီးတွေကလည်းကပ်ချွဲနေကြတာကြောင့် အတိုင်းမသိလောက်အောင်ပီတိဖြာနေတဲ့ မေမေခိုင်နှင်းဝေ

//s9.kh1.co/1f/1f429f24d6ab25c5dc92991bdb598f41d73910f1.jpeg
အနုပညာရှင်များ

 ၃၀-သြ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

သားလေးတွေက အလုအယက်နှိပ်ပေးကြပြီး သမီးတွေကလည်းကပ်ချွဲနေကြတာကြောင့် အတိုင်းမသိလောက်အောင်ပီတိဖြာနေတဲ့ မေမေခိုင်နှင်းဝေ

ပရဟိတမင်းသမီးခိုင်နှင်းဝေကတော့ နေ့တိုင်းလိုလို ပြည်သူတွေအတွက် တစ်ထောင့်တစ်နေရာကနေကူညီပေးနေတာဖြစ်ပါတယ်။ခိုင်နှင်းဝေရဲ့ လေးစားစရာလုပ်ရပ်တွေကို ပြည်သူတွေကလည်းအသိအမှတ်ပြုပြီး အရင်ကထက်ပိုချစ်နေကြတာဖြစ်ပါတယ်။စားဝတ်နေရေးခက်ခဲတဲ့အိမ်ထောင်စုတွေ၊ခိုးကိုးရာမဲ့ကလေးငယ်တွေကို သူမကစေတနာရှေ့ထားပြီး ကူညီပေးတာဖြစ်ပါတယ်။အခုလက်ရှိမှာဆိုရင် သူမမွေးစားထားတဲ့ကလေးငယ် အယောက်(၃၀)ကျော်ရှိနေပြီဖြစ်ပါတယ်။

Photo Credit:Khine Hnin Wai’s Fb Page
Photo Credit:Khine Hnin Wai’s Fb Page
Photo Credit:Khine Hnin Wai’s Fb Page
Photo Credit:Khine Hnin Wai’s Fb Page

ခိုင်နှင်းဝေရဲ့သားသမီးတွေက အခုဆိုရင် တဖြည်းဖြည်းအရွယ်ရောက်လာကြပြီး သိတတ်လိမ္မာကြပါတယ်။သူမကလည်း ကလေးတွေကို အခုအရွယ်ကတည်းက ဘာသာတရားကိုင်းရှိုင်းတတ်အောင် သင်ကြားညွှန်ပြထားတာဖြစ်ပါတယ်။အဲ့ဒါကြောင့် ကလေးတွေက အရွယ်နဲ့မလိုက်အောင် မေမေခိုင်နှင်းဝေကို ရိုသေလေးစားတတ်နေပြီဖြစ်ပါတယ်။ခိုင်နှင်းဝေရဲ့ သားသမီးလေးတွေကိုလည်း ပြည်သူတွေကချစ်ကြလို့ တတ်နိုင်သလောက်ပံ့ပိုးလှူဒါန်းနေကြတာဖြစ်ပါတယ်။

Photo Credit:Khine Hnin Wai’s Fb Page
Photo Credit:Khine Hnin Wai’s Fb Page
Photo Credit:Khine Hnin Wai’s Fb Page
Photo Credit:Khine Hnin Wai’s Fb Page
Photo Credit:Khine Hnin Wai’s Fb Page
Photo Credit:Khine Hnin Wai’s Fb Page

ခိုင်နှင်းဝေက သူမရဲ့သားသမီးတွေဆီကို မကြာခဏသွားလည်တတ်တာကြောင့် မနေ့ကဆိုရင်တော့ ကလေးတွေကိုအချိန်ပေးပြီးဂရုစိုက်နေတာဖြစ်ပါတယ်။သားသားလေးတွေကလည်း မေမေခိုင်နှင်းဝေကို အလုအယက်နှိပ်ပေးနေကြပြီး သမီးလေးတွေကတော့ ဝိုင်းချွဲနေကြတာဖြစ်ပါတယ်။သားသမီးတွေအပေါ် မေတ္တာအပြည့်ထားပေးတဲ့မေမေခိုင်နှင်းဝေကတော့ ကလေးတွေရဲ့သိတတ်လိမ္မာမှုကြောင့် ပီတိဖြာနေတဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Khine Hnin Wai’s Fb Page
Photo Credit:Khine Hnin Wai’s Fb Page
Photo Credit:Khine Hnin Wai’s Fb Page
Photo Credit:Khine Hnin Wai’s Fb Page

Source&Photo Credit:Khine Hnin Wai’s Fb Page

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T