တောထဲမှာဖြစ်သလိုနေထိုင်စားသောက်ပြီး အသက်စွန့်ထားရတာတောင် ပြည်သူတွေအတွက် တာဝန်မကျေသေးသလိုခံစားနေရတယ်ဆိုတဲ့ PDF များ

//s9.kh1.co/c1/c1cea4d373a11a76fd632cc4ce86384cf1a5fd23.jpeg
နေ့စဉ်သတင်းများ

 ၃၀-သြ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

တောထဲမှာဖြစ်သလိုနေထိုင်စားသောက်ပြီး အသက်စွန့်ထားရတာတောင် ပြည်သူတွေအတွက် တာဝန်မကျေသေးသလိုခံစားနေရတယ်ဆိုတဲ့ PDF များ

လက်ရှိပြည်တွင်းရေးအခြေအနေကို ပြည်သူတွေလည်း တစ်ရက်ပြီးတစ်ရက်ရင်ဆိုင်လာခဲ့ရတာ ရက်ပေါင်း(၂၀၀)ကျော်သွားပြီဖြစ်ပါတယ်။ဒီကာလအတွင်းမှာ သေဆုံးသူလည်းအများအပြားရှိသလို နိုင်ငံရေးကြောင့်ဖမ်းဆီးခံထားရသူတွေလည်း မလွတ်မြောက်သေးတာဖြစ်ပါတယ်။တချို့လူငယ်တွေကတော့ ပြည်သူတွေကိုကာကွယ်ဖို့အတွက် တောထဲဝင်ရောက်ပြီး စစ်ပညာတွေသင်ကြားလေ့ကျင့်ကာ အမြန်ဆုံးတိုက်ပွဲဝင်ဖို့ ကြိုးပမ်းနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

တောထဲရောက်နေချိန် ဒုက္ခမျိုးစုံကိုရင်ဆိုင်နေရတဲ့သူတွေထဲမှာ ပညာတတ်လူငယ်တွေများစွာပါဝင်နေတာဖြစ်ပါတယ်။လူငယ်တွေကတော့ အခုချိန်မှာ ကိုယ်အားကိုယ်ကိုးပြီး အစစအရာရာကိုဖြတ်သန်းနေရပေမယ့် သူရဲကောင်းစိတ်ဓာတ်အပြည့်ရှိကြပါတယ်။တစ်နပ်စားသောက်ဖို့အတွက်တောင် အာဟာရပြည့်ဝစွာမသုံးဆောင်ရဘဲ ပြည်သူတွေကိုကာကွယ်ဖို့ကြိုးစားနေကြတာဖြစ်ပါတယ်။ဒီလိုမျိုးရဲရင့်ကြတဲ့PDFတွေကို ပြည်သူလူထုကလည်းနောက်ကွယ်ကနေပံ့ပိုးပေးနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုဆိုရင်တော့ PDFလူငယ်လေးတချို့က သူတို့အသက်ကိုတောင်စွန့်လွှတ်ပြီး တိုက်ပွဲဝင်နေရပေမယ့် ပြည်သူတွေအပေါ်တာဝန်မကျေသေးသလိုခံစားနေရတာဖြစ်ပါတယ်။အာဏာရှင်စနစ်မပြုတ်ကျသေးတာကြောင့် PDF တွေလည်း အစွမ်းကုန်ကြိုးစားနေကြတာဖြစ်ပါတယ်။တောတောင်ထဲမှာ ရှိတာလေးနဲ့ရောင့်ရဲတင်းတိမ်ပြီးနောက်ထပ်တိုက်ပွဲတွေကို မျှော်လင့်နေကြတဲ့ PDFတစ်ယောက်ရဲ့ရင်ဖွင့်ခံစားချက်ကို ပြည်သူတွေသိအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder&nbsp;<br>
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T