စစ်ဘေးရှောင်စခန်းတစ်ခုဆီသွားလှူရင်း သားသုံးယောက်မိခင် မေးလိုက်တဲ့စကားတစ်ခွန်းကြောင့် ဆွံ့အသွားခဲ့ရတဲ့ ပရဟိတအဖွဲ့များ

//s9.kh1.co/85/8543507c9fbd01cf9385de9ccb7ca9cee4fbb58c.jpeg
နေ့စဉ်သတင်းများ

 ၃၀-သြ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

စစ်ဘေးရှောင်စခန်းတစ်ခုဆီသွားလှူရင်း သားသုံးယောက်မိခင် မေးလိုက်တဲ့စကားတစ်ခွန်းကြောင့် ဆွံ့အသွားခဲ့ရတဲ့ ပရဟိတအဖွဲ့များ

တချို့တောင်ပေါ်ဒေသတွေမှာဆိုရင် တိုင်းရင်းသားပြည်သူတွေခမျာ မိမိတို့အိမ်မှာတောင် မနေထိုင်ရဘဲ အသက်အန္တရာယ်လွတ်ကင်းဖို့အတွက် စစ်ရှောင်နေရတာဖြစ်ပါတယ်။စစ်ဘေးရှောင်စခန်းတွေဆိုတာ အမိုးအကာလေးပဲရှိပြီး မြေကြီးပေါ်မှာ အခင်းခင်းပြီးအိပ်ရတာဖြစ်ပါတယ်။ဒါ့အပြင် စားသောက်ရေးအတွက်ကလည်း ပရဟိတအဖွဲ့အစည်းတွေက သွားရောက်လှူဒါန်းလို့သာ အခြေခံစားသောက်ကုန်တွေနဲ့ ဝမ်းဖြည့်နေရတာဖြစ်ပါတယ်။

Photo Credit: Clean Yangon’s Fb page
Photo Credit: Clean Yangon’s Fb page
Photo Credit: Clean Yangon’s Fb page
Photo Credit: Clean Yangon’s Fb page

စစ်ဘေးရှောင်စခန်းမှာနေထိုင်ရတဲ့ တိုင်းရင်းသားလူမျိုးအကုန်လုံးက ဝမ်းဝရုံသာဖြစ်သလိုစားသောက်နေရတာဖြစ်ပါတယ်။ကလေးငယ်လေးတွေ၊မကျန်းမာသူတွေ၊သက်ကြီးရွယ်အိုတွေလည်း ဒုက္ခမျိုးစုံကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။တောတောင်ထဲမှာ ရေ၊မီးရဖို့မလွယ်ကူတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေလည်း ဒုက္ခရောက်နေကြပြီး ကိုယ့်အိုးကိုယ့်အိမ်မှာပဲ အရင်လိုအေးအေးချမ်းချမ်းနဲ့ ပြန်လည်နေထိုင်ချင်ကြတာဖြစ်ပါတယ်။

Photo Credit: Clean Yangon’s Fb page
Photo Credit: Clean Yangon’s Fb page
Photo Credit: Clean Yangon’s Fb page
Photo Credit: Clean Yangon’s Fb page
Photo Credit: Clean Yangon’s Fb page
Photo Credit: Clean Yangon’s Fb page

စစ်ဘေးရှောင်စခန်းတစ်ခုဆီ Clean Yangon အဖွဲ့မှာ သွားရောက်လှူဒါန်းရင်း သားသုံးယောက်မိခင်ရဲ့ မေးခွန်းကြောင့် ဆွံ့အသွားခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီအမျိုးသမီးက "ကျွန်မတို့အိမ်ပြန်ရဖို့နီးပြီလား”ဆိုပြီး သူတို့ကိုမေးခဲ့တာကြောင့် ဖြေရခက်ပြီး နာကျင်ကြေကွဲနေကြတာဖြစ်ပါတယ်။စစ်ဘေးရှောင်ပြည်သူတွေလည်း မိမိတို့အိမ်မှာမနေရတာ လပေါင်းအတော်ကြာနေပြီဖြစ်လို့ ပြန်လည်အေးချမ်းလာမယ့်တစ်နေ့ကို မျှော်လင့်စောင့်စားနေကြကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Clean Yangon’s Fb page
Photo Credit: Clean Yangon’s Fb page
Photo Credit: Clean Yangon’s Fb page
Photo Credit: Clean Yangon’s Fb page

Source&Photo Credit: Clean Yangon’s Fb page

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T