သူတို့နဲ့ပတ်သက်ပြီး သတင်းအမှားတွေထွက်နေလို့ PDFလူငယ်တွေကိုတောင်ပေါ်အထိတကူးတကသွားတွေ့ကာ ကတိတစ်ခုပေးခဲ့ကြတဲ့ KNUရဲဘော်များ

//s9.kh1.co/33/33c6408f710209e36406747a87ab5e3bb9851afe.jpeg
နေ့စဉ်သတင်းများ

 ၃၀-သြ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

သူတို့နဲ့ပတ်သက်ပြီး သတင်းအမှားတွေထွက်နေလို့ PDFလူငယ်တွေကိုတောင်ပေါ်အထိတကူးတကသွားတွေ့ကာ ကတိတစ်ခုပေးခဲ့ကြတဲ့ KNUရဲဘော်များ

လက်ရှိမှာတော့ လွတ်မြောက်နယ်မြေကိုရောက်ရှိလာကြတဲ့ မြန်မာပြည်သူတွေအကုန်လုံးကို တိုင်းရင်းသားအဖွဲ့အစည်းတွေက နွေးထွေးစွာကြိုဆိုကြတာပဲဖြစ်ပါတယ်။KNU၊KNLA၊DKBA၊KNDO စတဲ့အဖွဲ့တွေကလည်း PDF တွေအတွက် လိုအပ်တာတွေကို ကူညီပေးကြတာဖြစ်ပါတယ်။ကရင်တိုင်းရင်းသားတွေက စကားပြောပွင့်လင်းရိုးသားကြပြီး စိတ်ထားဖြူစင်ကြလို့ သူတို့ဆီမှာလာရောက်ခိုလှုံကြသူတိုင်းကို ဖေးမပေးကြကာ စစ်ပညာလည်းသင်ကြားပေးနေကြတာဖြစ်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

ဒီရက်ပိုင်းမှာဆိုရင် KNU ကိုဖိအားပေးခြိမ်းခြောက်လို့ Gen Z တွေထုတ်ပေးမယ်ဆိုပြီး ကောလာဟလသတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။အဲ့ဒီကောလာဟလတွေကြောင့် KNU၊KNLA၊KNDO၊DKBA က ရဲဘော်ကြီးတွေကPDF လူငယ်တွေကို တကူးတကသွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ကရင်ရဲဘော်ကြီးတွေက "ကောလာဟလတွေကို မယုံဖို့ ငါတို့ကရင့်သစ္စာကို ဘယ်တော့မှမဖောက်ဘူးဆိုတာ အသက်နဲ့လောင်းကြေးထပ်ရဲတယ်”ဆိုပြီးပြောခဲ့တာဖြစ်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

ဒါ့အပြင် PDF ရဲဘော်တွေရဲ့အသက်ကိုလိုချင်ရင် သူတို့အလောင်းကိုဖြတ်ကျော်ပြီးမှ ရမယ်လို့ပြောတာကြောင့်PDF လူငယ်တွေလည်း အားတက်သွားခဲ့ရတာဖြစ်ပါတယ်။ကျုပ်တို့ရဲဘော်တစ်ယောက်ကျရင် အယောက်(၁၀၀)ကို ပြန်ပြီးမြေဩဇာလုပ်ပစ်မယ်လို့ တိတိကျကျကတိပေးသွားခဲ့တာဖြစ်ပါတယ်။တိုင်းရင်းသားရဲဘော်ကြီးတွေကလည်း PDF တွေနဲ့အတူ တစ်သွေးတည်းတစ်သားတည်းရှိနေကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T