သူကိုယ်တိုင်တောထဲရောက်ပြီး အခက်အခဲတွေနဲ့ကြုံတွေ့နေရပေမယ့်လည်း ရန်သူနဲ့မျက်နှာချင်းဆိုင်နေနေရတဲ့မြို့ပေါ်ကပြည်သူတွေကို စိတ်ပူနေတဲ့ ကိုပေါက်

//s9.kh1.co/2e/2e862ad09452b3c45f6a90792c622e34fde62819.jpeg
အနုပညာရှင်များ

 ၃၁-သြ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

သူကိုယ်တိုင်တောထဲရောက်ပြီး အခက်အခဲတွေနဲ့ကြုံတွေ့နေရပေမယ့်လည်း ရန်သူနဲ့မျက်နှာချင်းဆိုင်နေနေရတဲ့မြို့ပေါ်ကပြည်သူတွေကို စိတ်ပူနေတဲ့ ကိုပေါက်

သရုပ်ဆောင်၊ဒါရိုက်တာတစ်ယောက်အဖြစ် အနုပညာများစွာကိုပုံဖော်ခဲ့တဲ့ ကိုပေါက်ကတော့ အခုချိန်မှာအနုပညာအလုပ်တွေနဲ့ဝေးကွာနေတာပဲဖြစ်ပါတယ်။ကိုပေါက်က လွတ်မြောက်နယ်မြေကိုရောက်ရှိနေတဲ့ကာလမှာလည်း ကျရာတာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ပြီး ရဲဘော်တွေနဲ့အတူ စည်းစည်းလုံးလုံးနေထိုင်တာဖြစ်ပါတယ်။ကိုပေါက်လိုပဲ တချို့အနုပညာရှင်တွေကလည်း လွတ်မြောက်နယ်မြေကိုရောက်ရှိနေပြီး စိတ်ဓာတ်တွေခိုင်မာပြတ်သားနေကြတာဖြစ်ပါတယ်။

Photo Credit:Aung Min Naing’s Fb Acc 
Photo Credit:Aung Min Naing’s Fb Acc 
Photo Credit:Aung Min Naing’s Fb Acc 
Photo Credit:Aung Min Naing’s Fb Acc 

ကိုပေါက်ကတော့ လွတ်မြောက်နယ်မြေမှာ ရဲဘော်တွေရဲ့ စားသောက်ရေးအတွက် တာဝန်ယူထားရပြီး သေချာစီမံချက်ပြုတ်ပေးနေတာဖြစ်ပါတယ်။တောထဲရောက်နေသူတွေအကုန်လုံးက ဒုက္ခမျိုးစုံကို ရင်ဆိုင်ကြုံတွေ့နေရပေမယ့် အချင်းချင်းရိုင်းပင်းကူညီပြီး အားတင်းတောင့်ခံနေကြတာဖြစ်ပါတယ်။ကိုပေါက်ကလည်း အခုချိန်မှာ ပြည်သူတွေနဲ့တစ်သားတည်းရှိနေတာကြောင့် မိသားစုနဲ့ခွဲခွါခဲ့ရပေမယ့်လည်း အခက်အခဲတွေကိုကြံ့ကြံ့ခံရင်ဆိုင်နေတာပဲဖြစ်ပါတယ်။

Photo Credit:Ye Min’s Facebook Acc 
Photo Credit:Ye Min’s Facebook Acc 
Photo Credit:Aung Min Naing’s Fb Acc 
Photo Credit:Aung Min Naing’s Fb Acc 
Photo Credit:Ye Min’s Facebook Acc 
Photo Credit:Ye Min’s Facebook Acc 

ပြည်သူတွေကလည်း ကိုပေါက်ရဲ့စွန့်လွှတ်အနစ်နာခံပေးတတ်မှုကို လေးစားနေကြပြီး အစစအရာရာအဆင်ပြေ၊ဘေးကင်းပါစေလို့ ဆုတောင်းပေးနေကြတာဖြစ်ပါတယ်။သူကလည်း"ကျွန်တော်အဆင်ပြေပါတယ် ခင်များတို့တွေအတွက်ပဲ စိတ်ပူတာ ဘေးကင်းကြပါစေ"ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။အခုချိန်မှာ ကိုပေါက်ကတော့တောထဲမှာ နေ့ရက်တွေကိုအဆင်ပြေသလိုဖြတ်သန်းနေရပေမယ့်လည်း ရန်သူနဲ့မျက်နှာချင်းဆိုင်နေနေရတဲ့ပြည်သူတွေကို ဂရုစိုက်ကြဖို့မှာကြားလာတဲ့အကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Aung Min Naing’s Fb Acc 
Photo Credit:Aung Min Naing’s Fb Acc 
Photo Credit:Aung Min Naing’s Fb Acc 
Photo Credit:Aung Min Naing’s Fb Acc 

Photo Credit:Ye Min&Aung Min Naing’s Fb acc 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T