ချစ်ဇနီးနဲ့သားသမီးတွေက သူနဲ့အတူ ဆင်းရဲ၊ချမ်းသာမရွေးရှိပေးနိုင်ပြီး စိတ်တူကိုယ်တူအနစ်နာခံပေးနိုင်တာကိုသိခွင့်ရခဲ့တယ်ဆိုတဲ့ မင်းမော်ကွန်း

//s9.kh1.co/ca/ca1e21915142a2728c8297a8548dd4c4800234ca.jpeg
အနုပညာရှင်များ

 ၃၁-သြ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ချစ်ဇနီးနဲ့သားသမီးတွေက သူနဲ့အတူ ဆင်းရဲ၊ချမ်းသာမရွေးရှိပေးနိုင်ပြီး စိတ်တူကိုယ်တူအနစ်နာခံပေးနိုင်တာကိုသိခွင့်ရခဲ့တယ်ဆိုတဲ့ မင်းမော်ကွန်း

အကယ်ဒမီမင်းမော်ကွန်းကတော့ ဖေဖော်ဝါရီလ (၁)ရက်နေ့ကတည်းက အမှန်တရားဘက်ကနေ ရဲရဲရင့်ရင့်ရပ်တည်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် အခုချိန်မှာ မိမိတို့အိမ်နဲ့ခွဲခွါလာပြီး တောတောင်ထဲမှာ အဆင်ပြေစွာရုန်းကန်နေရတာဖြစ်ပါတယ်။မင်းမော်ကွန်းက လူချစ်လူခင်ပေါများတဲ့သူတစ်​ယောက်ဖြစ်တာကြောင့် အခုချိန်မှာ သူ့ကိုကူညီပေးမယ့်သူတွေရှိနေတာတောင် အကူအညီလက်မခံခဲ့ဘဲ ကိုယ်အားကိုယ်ကိုးပြီး ကြုံလာသမျှကိုရင်ဆိုင်ဖြေရှင်းနေတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit:Kyaw Kyaw Htay Lwin’s Facebook Acc 
Photo Credit:Kyaw Kyaw Htay Lwin’s Facebook Acc 

မင်းမော်ကွန်းက တောတောင်ထဲမှာ မျှစ်၊မန်းကျည်းသီး၊မှို၊ငှက်ပျော၊ချဉ်ပေါင်ခင်း စတဲ့အသီးအနှံတွေစုံလင်တာကြောင့် သူတို့မိသားစုရဲ့စားဝတ်နေရေးအတွက် ဘာမှမလိုကြောင်းကိုရေးသားထားတာဖြစ်ပါတယ်။အသားဟင်းစားချင်ရင်လည်း ငါးတွေကတော့ အခုချိန်မှာအရမ်းပေါလို့ ရှာရလွယ်ပြီး ရွာထဲအမဲပေါ်၊ဝက်ပေါ်ရင်လည်း အပီအပြင်စားလို့ရသေးတာဖြစ်ပါတယ်။တချို့တွေဆိုရင် မင်းမော်ကွန်းကို ကြက်တွေလက်ဆောင်လာပေးလို့ မသတ်ရက်ဘဲ မွေးမြူထားသေးတာကြောင့် ကြက်ဥအတွက်လည်းမပူရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit:Kyaw Kyaw Htay Lwin’s Facebook Acc 
Photo Credit:Kyaw Kyaw Htay Lwin’s Facebook Acc 
Photo Credit:Kyaw Kyaw Htay Lwin’s Facebook Acc 
Photo Credit:Kyaw Kyaw Htay Lwin’s Facebook Acc 
Photo Credit:Kyaw Kyaw Htay Lwin’s Facebook Acc 
Photo Credit:Kyaw Kyaw Htay Lwin’s Facebook Acc 

အခုချိန်မှာ ဇနီးနဲ့သားသမီးတွေက သူနဲ့အတူ ဆင်းရဲ၊ချမ်းသာမရွေးအမြဲရှိပေးနိုင်ပြီး အနစ်နာခံပေးနိုင်တာကိုသိခွင့်ရခဲ့သေးတာဖြစ်ပါတယ်။အဝတ်အစားကောင်းကောင်းမရှိပေမယ့် နှလုံးသားလှတဲ့သူတွေနဲ့တွေ့ခဲ့ရတာကြောင့်မင်းမော်ကွန်းလည်း ရဲဘော်ရဲဘက်တွေနဲ့အတူ အသက်နဲ့ရင်းပြီး ချစ်ခင်ကြတာဖြစ်ပါတယ်။မင်းမော်ကွန်းတို့မိသားစုလေးကတော့ တောတောင်ထဲမှာ နေထိုင်ရတဲ့နေ့ရက်တွေကို အကောင်းဆုံးရင်ဆိုင်ပြီး ရောင့်ရဲတင်းတိမ်စွာနေထိုင်တတ်ကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Kyaw Kyaw Htay Lwin’s Facebook Acc 
Photo Credit:Kyaw Kyaw Htay Lwin’s Facebook Acc 
Photo Credit:Kyaw Kyaw Htay Lwin’s Facebook Acc 
Photo Credit:Kyaw Kyaw Htay Lwin’s Facebook Acc 
Photo Credit:Kyaw Kyaw Htay Lwin’s Facebook Acc 
Photo Credit:Kyaw Kyaw Htay Lwin’s Facebook Acc 

Source&Photo Credit:Kyaw Kyaw Htay Lwin’s Facebook Acc 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T