မြန်မာငွေ သိန်းတစ်ရာနီးပါးရှိတယ်ဆိုတဲ့ ဖိုးလပြည့်ရဲ့ Keypad ဖုန်းလေး

ဗိုလ်ချုပ်မှူ းကြီး ဦးသန်းရွှေရဲ့ချစ်လှစွာသေမြေး နေရွှေးသွေးအောင် (ခေါ်) ဖိုးလပြည့် ကို လူတိုင်းသိကြမယ်လို့ထင်ပါတယ်။ အခုပြောပြချင်တာက အဲ့ဒီဖိုးလပြည့် ကိုင်နေတဲ့ Keypad ဖုန်းလေးအကြောင်းပါ။ ကျွန်တော်တို့ဒီဖက်ခေတ်မှာ Keypad ဖုန်ုးကိုင်တယ်ဆိုတာ ခပ်ရှားရှှားရယ်ပါ။ ကျွန်တော်တို့ သာမန်လူတွေသိထားတဲ့ Keypad ဖုန်းဆိုတာ တခြားဖုန်းတွေထက်စျေးနည်းပြီး ဖုန်းခေါ်တာလောက်ပဲ သုံးလို့ရတာမို့ သိပ်သုံးလေ့မရှိပါဘူး။ ဒါပေမဲ့ ဖိုးလပြည့်ကိုင်တဲ့ Keypad ဖုန်းလေးကတော့ ၁၀၀ နီးပါးရှိတယ်တဲ့။ သြော် ၁၀၀ ဆိုတာ မြန်မာငွေ သိန်းတစ်ရာကို ပြောတာနော်။

ကဲ ဖိုးလပြည့်ကိုင်တဲ့ Keypad ဖုန်းလေးနဲ့ပတ်သတ်ပြီး အသေးစိတ်ပြောပြမယ်နော်……………

ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေတွေ့ဆုံတဲ့ပွဲကို ဖိုးလပြည့်တစ်ရောက်လည်း တက်ရောက်လာပါတယ်။ အဲ့ဒီပွဲမှာ သူကိုင်ဆောင်လာတဲ့ Keypad ဖုန်းလေးက VERTU ကုမ္ပဏီထုတ်ဖုန်းပါ။ သူ့ဖုန်းက ၂၀၁၁ ခုနှစ်လောက်ကVERTU ကုမ္ပဏီရဲ့ သင်္ကေတအဖြစ်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ဖုန်းရဲ့ခလုတ်တွေကို ငါးကာရက်နီးပါးရှိတဲ့ ပတ္တမြားတွေ တပ်ဆင်ထားတာပါ။ သူကိုင်ထားတဲ့ ဖုန်းတန်ဖိုးဘယ်လောက်ဆိုတာကို တိတိကျကျတော့ မသိပေမဲ့ အနည်းဆုံး မြန်မာငွေ သိန်း ၉၀ ကအောက်ထစ်ပေးမှ VERTU ထုတ်ကုန်တစ်ခုကို ရနိုင်မှာပါ။

VERTU ဆိုတာ ၁၉၉၈ ခုနှစ်က Nokia ကုမ္ပဏီကထူထောင်ပေးခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာတော့ သီးခြားရပ်တည်နိုင်ခဲ့တဲ့ အင်္ဂလန်နိုင်ငံထုတ်ဇိမ်ခံဖုန်းအမျိုးအစားထုတ် ကုမ္ပဏီအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ Handmade ဖြစ်ပြီး သူ့ဆီကထုတ်တဲ့ဖုန်းတွေရှိသလို အခြားဖုန်းအမျိုးအစားတွေကိုလည်း ကိုယ်ပေးနိုင်ရင် ပေးနိုင်သလောက်တန်ဖိုးနဲ့ တစ်လုံးချင်းတပ်ဆင်ပေးပါတယ်။ ဥပမာ ၂၀၁၃ ခုတုန်းက Android OS နဲ့ဖုန်းတစ်မျိုးထုတ်ခဲ့ပြီး သိန်း ၁၀၀ ကျော်ကနေ သိန်း ၂၀၀ လောက်ထိ ကြေးရှိတဲ့ဖုန်းမျို းပါ။

သူ့ရဲ့ဖုန်းကိုယ်ထည်ကို တိုက်တေနီယမ်အဆင့် ၅ ကိုသုံးထားပြီး ဖုန်းတိုင်းမှာပါတဲ့ခလုတ်တွေကိုတော့ နီလာကျောက်အသုံးပြု တပ်ဆင်ထားတာပါ။ ဖုန်းရဲ့မျက်နှာပြင်လုံးဝမကွဲဖို့ အာမခံထားသလို ခြစ်ရာထင်စေဖို့တောင် စိန်အစစ်ကိုသုံးမှရမှာပါ။

ကမ႓ာ့ထိပ်တန်းဝင်သူဌေးများသာ ကိုင်ဆောင်လေ့ရှိပြီး စိန် ပတ္တမြား နီလာ ရွှေ ရွှေဖြူ စတဲ့ရတနာတွေကို အဓိကထားပြီး ထည့်သွင်းထားပါတယ်။

Source: Google

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။