ကိုယ်တိုင်ကကျန်းမာရေးမကောင်းပေမယ့် အရေးပေါ်လူနာအတွက် အကူအညီတောင်းလာလို့ မနေနိုင်တော့ဘဲ ဆေးရုံလိုက်ပို့ပေးခဲ့တဲ့ ဆရာတော်တစ်ပါး

//s9.kh1.co/c5/c58bec811f9fa5f6e0c79118c763f30af7514f24.jpeg
နေ့စဉ်သတင်းများ

 ၃၁-သြ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ကိုယ်တိုင်ကကျန်းမာရေးမကောင်းပေမယ့် အရေးပေါ်လူနာအတွက် အကူအညီတောင်းလာလို့ မနေနိုင်တော့ဘဲ ဆေးရုံလိုက်ပို့ပေးခဲ့တဲ့ ဆရာတော်တစ်ပါး

လက်ရှိမှာတော့ ပြည်သူလူထုအတွက် အဆင်သင့်ရှိပေးနေကြတဲ့ ပရဟိတအဖွဲ့အစည်းတွေလည်း အားသွန်ခွန်စိုက်ကူညီနေကြတာဖြစ်ပါတယ်။ပရဟိတသမားတွေက နေ့ညမရွေး အကူအညီတောင်းခံတဲ့နေရာတွေကိုသွားရောက်ပြီး လိုအပ်တာတွေကူညီပေးတာဖြစ်ပါတယ်။အဲ့ဒီလိုကူညီပေးတဲ့ထဲမှာ ဘုန်းဘုန်းတချို့ကလည်း PPE တွေဝတ်ဆင်ပြီး လူသားတွေရဲ့အသက်ကိုကယ်တင်ပေးကြသလို ကွယ်လွန်သူတွေကိုလည်း သုသာန်သို့ပို့ဆောင်ပေးကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဆရာတော်တစ်ပါးဆိုရင် နှလုံးရောဂါရှိနေပေမယ့် ပရဟိတအလုပ်တွေကို စိတ်ရောကိုယ်ပါနှစ်ပြီး ဆောင်ရွက်တာဖြစ်ပါတယ်။နေ့ဆွမ်းဘုဉ်းပေးချိန်မှာတောင်ရှိတာလေးနဲ့ဘုဉ်းပေးရတာကြောင့် ပြည်သူတွေက ဆရာတော်ကိုလေးစားကြည်ညိုနေကြတာဖြစ်ပါတယ်။လွန်ခဲ့တဲ့ရက်ကဆိုရင် ဆရာတော်က ကျန်းမာရေးမကောင်းလို့ ဆေးခန်းထပ်ပြခဲ့ရပြီး ကျောက်ကပ်ရောင်တဲ့အပြင် အသည်းအဆီဖုံးနေတာဖြစ်ပါတယ်။ဘုန်းဘုန်းကတော့ ကျန်းမာရေးအခြေအနေကြောင့် ပရဟိတအလုပ်တွေမလုပ်ရမှာကို စိတ်ပူနေတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မနေ့ညကဆိုရင် ဘုန်းဘုန်းဆီကို အရေးပေါ်လူနာတစ်ယောက်က အကူအညီတောင်းခံလို့ ကျန်းမာရေးမကောင်းတဲ့ကြားကနေ ဆေးရုံကိုလိုက်ပို့ပေးခဲ့ရတာဖြစ်ပါတယ်။ဘုန်းဘုန်းက "ငါသည် ငါ့အတွက်မဟုတ်။ငါသည် သူတစ်ပါးအတွက် ဖြစ်သည်"လို့ ခံယူထားတာဖြစ်ပါတယ်။ဒါ့ကြောင့် လူသားတွေအပေါ်မေတ္တာတရားအပြည့်ထားပြီး ကိုယ်ကူညီနိုင်သလောက်ကို အစွမ်းကုန်ကူညီပေးနေတဲ့ ဘုန်းဘုန်းရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T