လိုအပ်တာတွေအတွက်အလှူခံတဲ့အခါ မိန်းကလေးအများစုကပဲ အမြဲထောက်ပံ့လှူဒါန်းကြလို့ ရှက်ပြီးသိမ်ငယ်ရတယ်ဆိုတဲ့ PDFလူငယ်လေး

//s9.kh1.co/24/24fa410ece6fc94e707ebae51d870e2c06d7fc1e.jpeg
နေ့စဉ်သတင်းများ

 ၃၁-သြ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

လိုအပ်တာတွေအတွက်အလှူခံတဲ့အခါ မိန်းကလေးအများစုကပဲ အမြဲထောက်ပံ့လှူဒါန်းကြလို့ ရှက်ပြီးသိမ်ငယ်ရတယ်ဆိုတဲ့ PDFလူငယ်လေး

လက်ရှိပြည်တွင်းရေးအခြေအနေကတော့ တစ်လပြီးတစ်လကြာမြင့်သွားပေမယ့် ပြည်သူလူထုကလည်းစိတ်ဓာတ်မကျ၊အားမလျော့ဘဲ ဆက်လက်ရင်ဆိုင်နေတာဖြစ်ပါတယ်။တောထဲရောက် PDF လူငယ်လေးတွေလည်း ရရာလက်နက်ကိုစွဲကိုင်ပြီး တိုက်ပွဲဝင်ဖို့ပြင်ဆင်နေကြတာဖြစ်ပါတယ်။လတ်တလောမှာဆိုရင် တချို့နေရာလေးတွေမှာ တိုက်ပွဲတွေဖြစ်ပွါးလျက်ရှိပြီး ပြည်သူတွေက PDFတွေ ဘေးကင်းပါစေလို့ နေ့တိုင်းဆုတောင်းပေးနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုဆိုရင်တော့ PDF လူငယ်လေးတစ်ဦးက သူ့ရဲ့ရင်တွင်းခံစားချက်တွေကို ထုတ်ဖော်ရေးသားလာတာပဲဖြစ်ပါတယ်။အခုချိန်မှာ နယ်မြေအစုံက PDF တွေလည်း လက်နက်မပြည့်မစုံနဲ့ ပြည်သူတွေကိုကာကွယ်ဖို့ကြိုးစားနေရတာဖြစ်ပါတယ်။ဒါ့ကြောင့် PDF လူငယ်လေးက "D Daysတွေနီးကပ်လို့လာပါပြီ ရိက္ခာတွေဘယ်နှစ်ရက်စာစုကြပါ"ဆိုပြီးထပ်မပြောကြဖို့ မေတ္တာရပ်ခံလာတာပဲဖြစ်ပါတယ်။ဒါ့အပြင် တောတောင်ထဲမှာ အရေးပေါ်ဆေးကုသဖို့လိုအပ်ချိန်နဲ့ တခြားပစ္စည်းတွေလိုအပ်လို့ အလှူခံချိန်မှာ မိန်းကလေးအများစုကသာ အမြဲလှူဒါန်းကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုလိုမျိုး မိန်းကလေးတွေကသာ သူတို့ကိုထောက်ပံ့ပေးနေတာဖြစ်လို့ PDF လူငယ်လေးလည်း ယောကျ်ားလေးတန်မဲ့ ရှက်ပြီးသိမ်ငယ်လာရတယ်လို့ရေးသားထားပါတယ်။သူတို့တွေက လက်နက်အင်အားမမျှဘဲ တိုက်ပွဲဝင်ရမှာဖြစ်ပြီး အသက်ကိုတောင်စွန့်လွှတ်ထားကြတာဖြစ်ပါတယ်။ဒီအချိန်မှာ ပြည်သူတွေအကုန်လုံးကသာ စည်းလုံးညီညွှတ်ပြီး အတူတူဝိုင်းတွန်းကြရင် အမြန်အောင်ပွဲရမယ့်အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=929,q=100/ce/cec76d027ca62e70dcf8eabbf21fff73dfe51749.jpeg
https://s9.kh1.co/__image/w=650,h=926,q=100/44/442676f458933be929af428871366326cf46f4a2.jpeg
https://s9.kh1.co/__image/w=650,h=747,q=100/8f/8fb1ae6bdb157d899d528886743a86794bbc42e3.jpeg

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T