စောမွန်လှတည်ထားခဲ့တဲ့ဘုရားတွင် ရင်ပြင်တော်အတွက်မြေညှိရာမှာ ထူးထူးဆန်းဆန်းမြွေဥကြီးတွေကိုတွေ့ခဲ့လို့ဓာတ်ပုံရိုက်ပြီးပြသလာတဲ့ ဒါရိုက်တာမောင်သီ

//s9.kh1.co/37/37f6f9a63b3005b9d793f8604c8dc60a5b75616f.jpeg
အနုပညာရှင်များ

 ၀၁-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

စောမွန်လှတည်ထားခဲ့တဲ့ဘုရားတွင် ရင်ပြင်တော်အတွက်မြေညှိရာမှာ ထူးထူးဆန်းဆန်းမြွေဥကြီးတွေကိုတွေ့ခဲ့လို့ဓာတ်ပုံရိုက်ပြီးပြသလာတဲ့ ဒါရိုက်တာမောင်သီ

အနုပညာများစွာကိုပုံဖော်ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာမောင်သီကတော့ အလှူရေစက်လက်နဲ့မကွာဘဲ ကုသိုလ်ကောင်းမှူတွေကို တစ်နိုင်တစ်ပိုင်လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။လတ်တလောမှာဆိုရင် ဦးမောင်သီက မူလဘုရားဒကာမကြီး စောမွန်လှ တည်ထားကိုးကွယ်ခဲ့တဲ့ "ရွှေကြေးစည်"စေတီတော်ကို ပြန်လည်ပြင်ဆင်မွမ်းမံဖို့အတွက် အလှူရှင်အားလုံးရဲ့ကိုယ်စား ဦးဆောင်ပြီး စနစ်တကျစီစဉ်နေတာပဲဖြစ်ပါတယ်။ရွှေကြေးစည်စေတီကတော့ ကျောက်ပန်းတောင်းမြို့နယ်၊လှိုင်သာယာရွာမှာ တည်ရှိပါတယ်။

Photo Credit:Maung Thi’s Fb acc
Photo Credit:Maung Thi’s Fb acc
Photo Credit:Maung Thi’s Fb acc
Photo Credit:Maung Thi’s Fb acc
Photo Credit:Maung Thi’s Fb acc
Photo Credit:Maung Thi’s Fb acc

စေတီတော်ကြီးရဲ့ အရှေ့ဘက်မုဒ်၊အနောက်ဘက်မုဒ်၊တောင်ဘက်မုဒ်နဲ့ မြောက်ဘက်မုဒ်အလှူရှင်တွေအပြင်ရင်ပြင်တော်အတွက် နေပူခံကျောက်ပြားများခင်းဖို့ အလှူရှင်များလည်းရှိပါတယ်။ကြွေပြားခင်းဖို့အတွက်တနင်္ဂနွေနေ့တွင် ရင်ပြင်တော်ကို အလုပ်သမားများနဲ့မြေညှိရာမှာ တနင်္ဂနွေထောင့်မှာ မြွေဥ (၆)လုံးကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ဥတွေရဲ့ပုံစံနဲ့ အရောင်အရ ရိုးရိုးမြွေမဖြစ်နိုင်ဘဲ သိုက်မြွေဖြစ်နိုင်တယ်လို့ ဒါရိုက်တာမောင်သီကယူဆခဲ့တာဖြစ်ပါတယ်။

Photo Credit:Maung Thi’s Fb acc
Photo Credit:Maung Thi’s Fb acc
Photo Credit:Maung Thi’s Fb acc
Photo Credit:Maung Thi’s Fb acc

ဒါ့ကြောင့် မြွေဥ (၆)လုံးကို နည်းနည်းလေးမှ မထိမကိုင်ခဲ့ဘဲ သူ့နေရာအတိုင်းထားကာ ပြန်လည်ဖုံးအုပ်ပေးခဲ့တာဖြစ်ပါတယ်။တနင်္လာနေ့မနက်မှာတော့ ပွဲထိုးဆုတောင်းပြီး ဘုရားပြင်ဆင်ဖို့အတွက်လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေလျက်ရှိပါတယ်။ဒါရိုက်တာမောင်သီက အလှူရှင်များအားလုံးကို ဒီမြင်ကွင်းတွေ့မြင်ရအောင်လို့ဓာတ်ပုံရိုက်ထားပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်ထားတာကြောင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Maung Thi’s Fb acc
Photo Credit:Maung Thi’s Fb acc
Photo Credit:Maung Thi’s Fb acc
Photo Credit:Maung Thi’s Fb acc
Photo Credit:Maung Thi’s Fb acc
Photo Credit:Maung Thi’s Fb acc

Source&Photo Credit:Maung Thi’s Fb acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T