အသေခံဗုံးခွဲမှုကြောင့်မသေဆုံးခင် (၆)ရက်အလိုမှာ အာဖကန်ကလေးငယ်တစ်ဦးကို ပွေ့ချီပြီးဂရုစိုက်ပေးနေတဲ့ အမေရိကန်စစ်သမီးရဲ့ နောက်ဆုံးအမှတ်တရ

//s9.kh1.co/0f/0f72d8949c209287078afe8c8273ac5f7dd8bce8.jpeg
နေ့စဉ်သတင်းများ

 ၀၁-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

အသေခံဗုံးခွဲမှုကြောင့်မသေဆုံးခင် (၆)ရက်အလိုမှာ အာဖကန်ကလေးငယ်တစ်ဦးကို ပွေ့ချီပြီးဂရုစိုက်ပေးနေတဲ့ အမေရိကန်စစ်သမီးရဲ့ နောက်ဆုံးအမှတ်တရ

ပြီးခဲ့တဲ့ဩဂုတ်လ (၁၆)ရက်နေ့မတိုင်ခင်က အာဖကန်နစ္စတန်နိုင်ငံကို တာလီဘန်တွေသိမ်းယူလိုက်ပြီးနောက်မှာမြို့တော်ကာဘူးလ်အတွင်း မငြိမ်မသက်ဖြစ်ခဲ့ပါတယ်။အမေရိကန်နိုင်ငံကလည်း ကယ်ဆယ်ရေးလေယာဉ်တွေထွက်ခွါကြတဲ့အချိန်မှာ အာဖကန်ပြည်သူတွေက ရရာနေရာကနေ တွယ်ကပ်ပြီးလိုက်ပါခဲ့ကြတာဖြစ်ပါတယ်။အမေရိကန်မရိန်းတပ်ဖွဲ့ဝင်တွေကလည်း ကာဘူးလ်ကလေဆိပ်မှာ ကယ်ထုတ်ရေးလုပ်ငန်းတွေဆောင်ရွက်နေစဉ်ပါဝင်ကူညီပေးခဲ့ကြသေးတာဖြစ်ပါတယ်။

Photo Credit:From Twitter 
Photo Credit:From Twitter 
Photo Credit:From Twitter 
Photo Credit:From Twitter 

အဲ့ဒီမှာ အမေရိကန်မရိန်းတပ်ဖွဲ့ဝင် Nicole Geeကလည်း အာဖကန်ပြည်သူတွေရဲ့လုံခြုံရေးကိုကာကွယ်ပေးခဲ့တာဖြစ်ပါတယ်။Nicole Geeရဲ့ အသက်ကတော့ (၂၃)နှစ်အရွယ်သာရှိသေးပြီး သူမရဲ့အလုပ်ကိုလည်းအရမ်းချစ်မြတ်နိုးတာဖြစ်ပါတယ်။ဩဂုတ်လ (၂၆)ရက်နေ့မှာတော့ ISIS-K တွေရဲ့ အသေခံဗုံးခွဲမှုတွင် အမေရိကန်တပ်မှစစ်သား (၁၃)ယောက်သေဆုံးသွားခဲ့တာဖြစ်ပြီး Nicole Geeလည်း အဲ့ဒီထဲမှာပါဝင်ခဲ့တာဖြစ်ပါတယ်။ဗုံးခွဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၁၆၀)ကျော်လည်း သေဆုံးခဲ့တယ်လို့သိရပါတယ်။

Photo Credit:From Twitter 
Photo Credit:From Twitter 
Photo Credit:From Twitter 
Photo Credit:From Twitter 

Nicole Geeကတော့ သူမမသေဆုံးခင် (၆)ရက်အလိုမှာ အာဖကန်ကလေးငယ်လေးတစ်ဦးကို ကြင်ကြင်နာနာနဲ့ပွေ့ချီပြီး စောင့်ရှောက်ပေးနေတဲ့ပုံရိပ်လေးက နောက်ဆုံးအမှတ်တရပဲဖြစ်ပါတယ်။သူမကျဆုံးခဲ့ပြီးနောက်မှာတော့သူငယ်ချင်းမိတ်ဆွေတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက သူမနဲ့အမှတ်တရတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာမျှဝေလာခဲ့တာဖြစ်ပါတယ်။အခုလိုမျိုး အသက်ငယ်ငယ်လေးနဲ့ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းအမျိုးသမီးလေးNicole Gee ရဲ့ပုံရိပ်တွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:From Twitter 
Photo Credit:From Twitter 
Photo Credit:From Twitter 
Photo Credit:From Twitter 

Source&Photo Credit:From Twitter 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T