မိဘသဖွယ်လေးစားရတဲ့ ဦးတိမ်ညွှန့်ရဲ့အခက်အခဲကိုကြားသိရလို့ လိုအပ်တာလေးတွေဝယ်ခြမ်းပြီး ရိုရိုသေသေကန်တော့ကာ ကူညီခဲ့တဲ့ ပန်းသော်တာ

//s9.kh1.co/2b/2bd0bbe62bcb2d0cc78f180cce18da8ed678b66e.jpeg
အနုပညာရှင်များ

 ၀၁-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

မိဘသဖွယ်လေးစားရတဲ့ ဦးတိမ်ညွှန့်ရဲ့အခက်အခဲကိုကြားသိရလို့ လိုအပ်တာလေးတွေဝယ်ခြမ်းပြီး ရိုရိုသေသေကန်တော့ကာ ကူညီခဲ့တဲ့ ပန်းသော်တာ

အနုအညာရှင်တွေကတော့ ဒီအချိန်မှာ အနုပညာအလုပ်တွေမလုပ်ရပေမယ့် စုဆောင်းထားတဲ့ထဲကနေအလှူအတန်းတွေလုပ်ဆောင်နေကြတာဖြစ်ပါတယ်။ဒီလိုကာလမှာ တချို့ဝါရင့်အနုပညာရှင်တွေလည်း မပြေလည်ကြတာကြောင့် အနုပညာအသိုင်းအဝိုင်းနဲ့ပရိသတ်တွေ ပူးပေါင်းပြီးလှူဒါန်းနေကြတာဖြစ်ပါတယ်။ဝါရင့်သရုပ်ဆောင်ကြီးဖြစ်တဲ့ ဦးတိမ်ညွှန့်ကလည်း ဒီကာလမှာ အိမ်ငှါးခ၊စားဝတ်နေရေးအတွက်အဆင်မပြေလို့ ကြိတ်မှိတ်ဖြေရှင်းနေရတာဖြစ်ပါတယ်။

Photo Credit:Pann Thaw Tar’s Fb page
Photo Credit:Pann Thaw Tar’s Fb page
Photo Credit:Pann Thaw Tar’s Fb page
Photo Credit:Pann Thaw Tar’s Fb page

ဦးတိမ်ညွှန့်ရဲ့အခက်အခဲကိုသိသွားကြတဲ့ ပြည်သူတွေနဲ့ အနုပညာလောကသားတွေက ဝိုင်းဝန်းကူညီပေးကြပါတယ်။သရုပ်ဆောင်ပန်းသော်တာဆိုရင်လည်း သူမနဲ့အတူ ဇာတ်ကားတွေမှာ သရုပ်ဆောင်ဖူးတဲ့ ဦးတိမ်ညွှန့်ဆီလိုအပ်တာတွေနဲ့ သွားရောက်ကန်တော့ခဲ့တာဖြစ်ပါတယ်။ဦးတိမ်ညွှန့်က သူ့ကိုပရိသတ်တွေချစ်ကြသေးလို့ ဝမ်းသာနေပြီး အလှူခံတာမျိုးမဖြစ်ချင်လို့ သားတပည့်လူငယ်လေးကို အလှူခံပိတ်လိုက်ပါတော့လို့ မှာကြားထားတာဖြစ်ပါတယ်။

Photo Credit:Pann Thaw Tar’s Fb page
Photo Credit:Pann Thaw Tar’s Fb page
Photo Credit:Pann Thaw Tar’s Fb page
Photo Credit:Pann Thaw Tar’s Fb page
Photo Credit:Pann Thaw Tar’s Fb page
Photo Credit:Pann Thaw Tar’s Fb page

ဦးတိမ်ညွှန့်တို့ဇနီးမောင်နှံက သူတို့ဆီလာလှူကြတဲ့ ဆန်၊ဆီ၊ဆား၊ကြက်သွန်တို့ကို အိမ်နားကမပြေလည်သူတွေအတွက် ပြန်လည်ဝေငှပေးတာဖြစ်ပါတယ်။ပန်းသော်တာကတော့ "သက်ရှည်ကျန်းမာအောင်နေပေးပါ တစ်ခုခုလိုအပ်တာရှိရင် သမီးဆီ အချိန်မရွေး ဖုန်းဆက်ပါ တတ်နိုင်တာလေးပဲ ကူညီနိုင်တာပါ"ဆိုပြီး ပြောခဲ့သေးတာဖြစ်ပါတယ်။သူမကတော့ ဦးတိမ်ညွှန့်ကို ရိုရိုသေသေနဲ့ကန်တော့ပြီးကူညီပေးခဲ့တဲ့အကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Pann Thaw Tar’s Fb page
Photo Credit:Pann Thaw Tar’s Fb page
Photo Credit:Pann Thaw Tar’s Fb page
Photo Credit:Pann Thaw Tar’s Fb page

Source&Photo Credit:Pann Thaw Tar’s Fb page

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T