မနေ့ညကအိပ်မက်ထဲမှာ မြန်မာဝမ်းဆက်နွမ်းနွမ်းလေးကိုဝတ်ထားပြီး အသားတွေညိုသွားတဲ့ အူဝဲကိုမြင်မက်မိကြောင်း ရင်ဖွင့်လာတဲ့ မကြီးစန်း

//s9.kh1.co/fa/fa8372781505c71341206d7c2934099170fb904a.jpeg
အနုပညာရှင်များ

 ၀၂-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

မနေ့ညကအိပ်မက်ထဲမှာ မြန်မာဝမ်းဆက်နွမ်းနွမ်းလေးကိုဝတ်ထားပြီး အသားတွေညိုသွားတဲ့ အူဝဲကိုမြင်မက်မိကြောင်း ရင်ဖွင့်လာတဲ့ မကြီးစန်း

မိတ်ကပ်လောကမှာနာမည်ရရှိနေပြီးသားသူတစ်ယောက်ဖြစ်တဲ့ ခင်စန်းဝင်းကတော့ မင်းသား၊မင်းသမီးများစွာနဲ့ရင်းနှီးချစ်ခင်တာဖြစ်ပါတယ်။အကယ်ဒမီအိန္ဒြာကျော်ဇင်ကိုလည်း ဟိုးအရင်ကတည်းက ကိုယ်တိုင်မိတ်ကပ်လိမ်းခြယ်ပေးခဲ့တာ အခုခေတ်အထိပဲဖြစ်ပါတယ်။ဒါ့ကြောင့် အူဝဲနဲ့ မကြီးစန်းတို့က သားအမိတွေလိုမျိုးအရမ်းချစ်ကြတာဖြစ်ပါတယ်။အူဝဲကတော့ စိတ်ထားကောင်းပြီး သဘောထားပြည့်ဝလို့ လူချစ်လူခင်ပေါများတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။

Photo Credit:Khin San Win’s Fb acc
Photo Credit:Khin San Win’s Fb acc
Photo Credit:Khin San Win’s Fb acc
Photo Credit:Khin San Win’s Fb acc

လူတိုင်းနီးပါးရဲ့ချစ်ခင်မှုကိုရရှိထားတဲ့ အူဝဲကလည်း နွေဦးတော်လှန်ရေးအစကတည်းက ခင်ပွန်းဖြစ်သူပြေတီဦးနဲ့အတူ ကိုယ်ရော၊စိတ်ပါနှစ်ပြီး ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ခဲ့ပါတယ်။သူမတို့ဇနီးမောင်နှံနှစ်ယောက်လုံးက ၅၀၅(က)နဲ့ ပုဒ်မနဲ့ ဧပြီလ (၉)ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ဒီနေ့အချိန်ထိ အူဝဲတို့ဇနီးမောင်နှံနှစ်ယောက်လုံး ပြန်မလွတ်သေးတာကြောင့် ပရိသတ်တွေနဲ့ မိတ်ဆွေတွေကပါ မိသားစုနဲ့ထပ်တူစိတ်ပူနေကြတာဖြစ်ပါတယ်။မကြီးစန်းကလည်း သမီးလေးလိုချစ်ရတဲ့ အူဝဲတို့ဇနီးမောင်နှံအတွက် အမြဲဆုတောင်းပေးနေတာဖြစ်ပါတယ်။

Photo Credit:Khin San Win’s Fb acc
Photo Credit:Khin San Win’s Fb acc
Photo Credit:Khin San Win’s Fb acc
Photo Credit:Khin San Win’s Fb acc
Photo Credit:Khin San Win’s Fb acc
Photo Credit:Khin San Win’s Fb acc

မနေ့ညကဆိုရင် မကြီးစန်းက အူဝဲကို အိပ်မက်မက်တယ်ဆိုပြီး ရေးသားလာခဲ့တာဖြစ်ပါတယ်။အိပ်မက်ထဲမှာ အူဝဲက မြန်မာဝတ်စုံဝမ်းဆက်နွမ်းနွမ်းလေးကို ဝတ်ဆင်ထားပြီး အသားတွေလည်းညိုသွားတယ်လို့ မြင်မက်တာဖြစ်ပါတယ်။အူဝဲနဲ့မကြီးစန်းတို့က အိပ်မက်ထဲမှာ တစ်ယောက်ကိုတစ်ယောက်ဖက်ပြီး ငိုနေကြတာဖြစ်ပါတယ်။မကြီးစန်းလည်း အူဝဲကျန်းမာပြီးအန္တရာယ်ကင်းဘေးရှင်းပါစေလို့ ဆုတောင်းနေတာဖြစ်ပါတယ်။ပြည်သူတွေချစ်တဲ့အူဝဲတို့ဇနီးမောင်နှံ အမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်းရင်းပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Khin San Win’s Fb acc
Photo Credit:Khin San Win’s Fb acc
Photo Credit:Khin San Win’s Fb acc
Photo Credit:Khin San Win’s Fb acc

Source&Photo Credit:Khin San Win’s Fb acc



Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T