ပြည်သူတွေရဲ့ရင်ထဲမှာ ထာဝရတည်ရှိပြီး အမြဲအောက်မေ့သတိရနေရဆဲဖြစ်တဲ့ သူရဲကောင်းမလေး ကြယ်စင်ရဲ့(၆)လပြည့်

//s9.kh1.co/dd/ddf467b1f074f9521f32b806acbc14bc23a0b34b.jpeg
နေ့စဉ်သတင်းများ

 ၀၃-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ပြည်သူတွေရဲ့ရင်ထဲမှာ ထာဝရတည်ရှိပြီး အမြဲအောက်မေ့သတိရနေရဆဲဖြစ်တဲ့ သူရဲကောင်းမလေး ကြယ်စင်ရဲ့(၆)လပြည့်

နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားခဲ့ရတဲ့သူရဲကောင်းတစ်ယောက်ချင်းစီတိုင်းကို ပြည်သူလူထုက အမြဲအောက်မေ့သတိရနေကြတာဖြစ်ပါတယ်။ဒီနေ့အချိန်ထိတိုင်အောင် ကျဆုံးသူရဲကောင်းတွေရဲ့မိသားစုဝင်တွေလည်း ရင်ထဲမှာတနုံ့နုံ့နဲ့ခံစားနေရဆဲပဲဖြစ်ပါတယ်။မန္တလေးမြို့မှာ (၃.၃.၂၀၂၁)ရက်နေ့က ကျဆုံးသွားတဲ့ ကြယ်စင်လေးကအသက်ငယ်ငယ်လေးနဲ့ ရဲစွမ်းသတ္တိအပြည့်ရှိလို့ ပြည်သူတွေက လေးစားနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကြယ်စင်လေးရဲ့နောက်ဆုံးခရီးကိုလည်း မိသားစုနဲ့သူငယ်ချင်းတွေအပြင် ပြည်သူအများအပြားကပါ ဝမ်းနည်းစွာနဲ့လိုက်ပါပို့ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ကြယ်စင်လေးကျဆုံးသွားတာကို တချို့နိုင်ငံတွေကပါသိကြလို့ ဂျာမနီနိုင်ငံ၊ဘာလင်မြို့မှာဆိုရင် ကမ္ဘာကျော်နံရံပန်းချီမှာ သူရဲကောင်းမလေးရဲ့ပုံတူကို ရေးဆွဲဖော်ပြထားသေးတာဖြစ်ပါတယ်။ဒီနေ့ (၃.၉.၂၀၂၁)ရက်နေ့ကတော့ ကြယ်စင်ကျဆုံးခဲ့တာ (၆)လတိတိပြည့်သွားတဲ့နေ့ပဲဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အသက် (၁၉)နှစ်အရွယ်လေးနဲ့ အများအကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့ပြီး အသက်စွန့်သွားခဲ့ရတဲ့ သူရဲကောင်းမလေးကို ပြည်သူတွေက ဘယ်တော့မှမမေ့ကြတာဖြစ်ပါတယ်။သူမပုံလေးတွေကို ပြန်မြင်တိုင်းလည်း ယူကြုံးမရဖြစ်ကြပြီး နှမျောနေကြတာဖြစ်ပါတယ်။နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားရတဲ့ သူရဲကောင်းတွေကို ပြည်သူတွေကဦးညွှတ်ကြရင်း ကြယ်စင်ရဲ့ (၆)လပြည့်နေ့လေးကို သတိတရနဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားလာကြလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit:Original Uploder

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T