ကြယ်စင်ရဲ့ (၆)လပြည့်နေ့မှာ သူမနောက်ဆုံးဝတ်ဆင်ခဲ့တဲ့ တီရှပ်ပုံစံအတိုင်းဝတ်ဆင်ကြပြီး သွေးမအေးဘဲလမ်းပေါ်ထွက်လာကြတဲ့ မန္တလေးမြို့မြင်ကွင်း

//s9.kh1.co/d8/d845d200cddb2227a8da7d709b5df1d2af223752.jpeg
နေ့စဉ်သတင်းများ

 ၀၃-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ကြယ်စင်ရဲ့ (၆)လပြည့်နေ့မှာ သူမနောက်ဆုံးဝတ်ဆင်ခဲ့တဲ့ တီရှပ်ပုံစံအတိုင်းဝတ်ဆင်ကြပြီး သွေးမအေးဘဲလမ်းပေါ်ထွက်လာကြတဲ့ မန္တလေးမြို့မြင်ကွင်း

ပြည်သူလူထုကတော့ တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးသွားပေမယ့် အင်အားအပြည့်နဲ့ အာဏာရှင်ကိုတော်လှန်နေကြဆဲဖြစ်ပါတယ်။ကျဆုံးသူရဲကောင်းတွေ ဖမ်းဆီးခံထားရသူတွေအတွက် ပြည်သူတွေက ဘယ်တော့မှသွေးမအေးကြဘဲ တတ်နိုင်တဲ့နေရာကနေလှုပ်ရှားနေကြတာဖြစ်ပါတယ်။မန္တလေးမြို့မှာဆိုရင်လည်း နေ့တိုင်းနီးပါးဆိုသလိုပြည်သူတွေကလမ်းပေါ်ထွက်ပြီး သူတို့ရဲ့ရင်တွင်းဆန္ဒတွေကိုထုတ်ဖော်နေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒီနေ့မနက်ပိုင်းမှာဆိုရင်လည်း မန္တလေးသူ၊မန္တလေးသားတွေက အပစ်အခတ်၊အဖမ်းအဆီးတွေကို မကြောက်ကြဘဲ စည်းစည်းလုံးလုံးနဲ့လမ်းပေါ်ထွက်လာကြပါတယ်။(၃.၉.၂၀၂၁)ရက်နေ့ကတော့ မန္တလေးမြို့မှာ ကျဆုံးသွားတဲ့ကြယ်စင်ရဲ့ (၆)လပြည့်နေ့လည်း ဖြစ်လို့ မန္တလေးမြို့နေပြည်သူတွေက (၆)လပြည့်အထိမ်းအမှတ်အဖြစ် ဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်။ဒါ့အပြင် ပြည်သူတွေအကုန်လုံးက ဆင်တူတီရှပ်တွေလည်း ဝတ်ဆင်ထားကြတာကို ပုံထဲမှာတွေ့ရပါတယ်။

Photo Credit:Spring Diary’s Fb page
Photo Credit:Spring Diary’s Fb page
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အဲ့ဒီတီရှပ်ပုံစံကတော့ သူရဲကောင်းမလေးကြယ်စင် နောက်ဆုံးဝတ်ဆင်ခဲ့တဲ့ "Everything Will Be Ok"စာတန်းပါတီရှပ်လိုမျိုးဖြစ်ပါတယ်။ကြယ်စင်ကတော့ သူရဲကောင်းစိတ်ဓာတ်အပြည့်နဲ့ တော်လှန်ရေးမှာ တက်တက်ကြွကြွပါဝင်အားဖြည့်ပေးခဲ့ပေမယ့် အသက်ငယ်ငယ်နဲ့ ကျဆုံးခဲ့ရတာဖြစ်ပါတယ်။ဒါ့ကြောင့် မန္တလေးသူ၊မန္တလေးသားတွေလည်း သူမအတွက်ဝမ်းနည်းကြပြီး ဒီနေ့လေးကို အမှတ်တရဖြစ်အောင်ပြုလုပ်ခဲ့ကြတဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Spring Diary’s Fb Page 
Photo Credit:Spring Diary’s Fb Page 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit:Spring Diary’s Fb page

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T