Sandhurstမှ သူနဲ့ရင်းနှီးတဲ့အာဖကန်အရာရှိနဲ့ မိသားစုကို ကာဘူးလ်လေဆိပ်သို့ခေါ်ခဲ့ပြီး ကြားဝင်ကူညီပေးခဲ့တဲ့မင်းသားဝီလျံ

//s9.kh1.co/b6/b6969fc156136c17ed0ea4164082e72a46bcddc7.jpeg
နေ့စဉ်သတင်းများ

 ၀၃-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

Sandhurstမှ သူနဲ့ရင်းနှီးတဲ့အာဖကန်အရာရှိနဲ့ မိသားစုကို ကာဘူးလ်လေဆိပ်သို့ခေါ်ခဲ့ပြီး ကြားဝင်ကူညီပေးခဲ့တဲ့မင်းသားဝီလျံ

အာဖကန်နစ္စတန်နိုင်ငံကို တာလီဘန်တွေသိမ်းပိုက်ပြီးနောက်မှာ နိုင်ငံအတွင်းမှာရှိတဲ့ တခြားနိုင်ငံသားအရာရှိတွေလည်း မိမိတို့နေရပ်ကိုပြန်ကြတာဖြစ်ပါတယ်။အမေရိကန်တပ်တွေကတော့ အာဖကန်နစ္စတန်နိုင်ငံရဲ့ မြို့တော်ကာဘူးလ်လေဆိပ်မှာ ရက်အတော်ကြာရှိခဲ့ပြီး အာဖကန်ပြည်သူတွေကို စောင့်ကြပ်ပေးခဲ့တာဖြစ်ပါတယ်။ဟိုးယခင်တုန်းက တာလီဘန်တို့တိုင်းပြည်ကိုသိမ်းပိုက်စဉ်မှာ ရဲအရာရှိဟောင်းတစ်ဦးရဲ့အကြောင်းကို Cambridge မြို့စားကကြားဖူးခဲ့ပါတယ်။

Photo Credit:Daily Mail
Photo Credit:Daily Mail
Photo Credit:Daily Mail
Photo Credit:Daily Mail

ဗြိတိန်မင်းသားဝီလျံကလည်း Sandhurstမှ သူနဲ့ရင်းနှီးတဲ့အာဖကန်အရာရှိတစ်ဦးနဲ့ သူ့ရဲ့မိသားစုဝင်တွေကို ကာဘူးလ်လေဆိပ်သို့ခေါ်ပြီး ကြားဝင်ကူညီပေးခဲ့သေးတာဖြစ်ပါတယ်။အာဖကန်အမျိုးသားတပ်မတော်နဲ့အတူတာဝန်ထမ်းဆောင်ခဲ့တဲ့ အရာရှိနဲ့သူ့ရဲ့မိသားစုကို ဗြိတိန်သို့ပြန်နိုင်ရန် လေယာဉ်ဖြင့်ပို့ဆောင်နိုင်ခဲ့တယ်လို့သိရပါတယ်။အရာရှိရဲ့မိသားစုဝင်တွေကတော့ အမျိုးသမီးများနဲ့ကလေးများအားလုံး (၁၀)ဦးကျော် ပါဝင်တယ်လို့သိရပါတယ်။

Photo Credit:Daily Mail
Photo Credit:Daily Mail
Photo Credit:Daily Mail
Photo Credit:Daily Mail
Photo Credit:Daily Mail
Photo Credit:Daily Mail

လတ်တလောမှာဆိုရင်တော့ အမေရိကန်တပ်တွေလည်း အာဖကန်နစ္စတန်နိုင်ငံကနေ ထွက်ခွါလာကြတာဖြစ်ပါတယ်။ဒါ့ကြောင့် တိုင်းပြည်အတွင်းမှာ တာလီဘန်တွေနဲ့ အာဖကန်ပြည်သူအချို့သာကျန်နေခဲ့တာဖြစ်ပါတယ်။အာဖကန်ပြည်သူတွေကတော့ မိမိတို့တိုင်းပြည်မှာ မနေထိုင်ချင်တော့တာကြောင့် ရရာနည်းလမ်းနဲ့ထွက်ပြေးနေကြပြီးမင်းသားဝီလျံကလည်း ဗြိတိန်သို့ထွက်ပြေးနိုင်ရန်ကူညီပေးခဲ့ကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Daily Mail
Photo Credit:Daily Mail
Photo Credit:Daily Mail
Photo Credit:Daily Mail

Source&Photo Credit:Daily Mail

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T