လုပ်ဖော်ကိုင်ဖက်ထိုင်းလူမျိုးက သူ့ရဲ့ရေဒီယိုကို ပိတ်ခိုင်းလို့ ဒေါသမထိန်းနိုင်ဘဲ သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦး

//s9.kh1.co/fc/fc6c3a24b70a3cf44e35e254784852967a19fcf2.jpeg
နေ့စဉ်သတင်းများ

 ၀၃-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

လုပ်ဖော်ကိုင်ဖက်ထိုင်းလူမျိုးက သူ့ရဲ့ရေဒီယိုကို ပိတ်ခိုင်းလို့ ဒေါသမထိန်းနိုင်ဘဲ သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦး

မြန်မာပြည်သူ၊ပြည်သားတချို့က မိမိတို့ရဲ့စားဝတ်နေရေးအတွက် အိမ်နီးချင်းထိုင်းနိုင်ငံကိုသွားရောက်ပြီး အလုပ်လုပ်ကိုင်နေကြတာတွေရှိပါတယ်။ဩဂုတ်လ (၂၉)ရက်နေ့၊ညပိုင်းမှာတော့ Phrom Phiram ခရိုင်ရှိ၊golf cart ပြင်ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်ကြတဲ့ မြန်မာအလုပ်သမားတစ်ဦးက သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ထိုင်းလူမျိုးကို ပစ်သတ်ခဲ့တဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပွါးခဲ့ပါတယ်။အခင်းဖြစ်ပွါးချိန်က ထိုင်းစံတော်ချိန် ည(၇)နာရီ (၄၀)မိနစ်တွင်ဖြစ်ပါတယ်။

Photo Credit:Bangkok Post
Photo Credit:Bangkok Post
Photo Credit:Bangkok Post
Photo Credit:Bangkok Post

လူသေမှုဖြစ်ပွါးခဲ့တဲ့အဓိကအကြောင်းအရင်းကတော့ အသက် (၄၆)နှစ်အရွယ်ရှိတဲ့ထိုင်းလူမျိုး Pongthep Phloiprasong က မြန်မာအလုပ်သမားကို သူ့ရဲ့ရေဒီယိုပိတ်ဖို့ရန်ပြောခဲ့တာဖြစ်ပါတယ်။ရေဒီယိုရဲ့အသံက ကျယ်လွန်းပြီး သူ့ကိုစိတ်အ​နှောင့်အယှက်ဖြစ်စေလို့ ပိတ်ခိုင်းခဲ့တာဖြစ်ပါတယ်။အဲ့ဒါကြောင့် မြန်မာအလုပ်သမားက သူ့ရဲ့အနီးနားမှာရှိတဲ့ မြက်ရိက်စက်အောက်မှ သေနတ်ကိုယူပြီး ထိုင်လူမျိုးကို သေနတ်ဖြင့်တစ်ချက်ပစ်ခဲ့တာဖြစ်ပါတယ်။

Photo Credit:Bangkok Post
Photo Credit:Bangkok Post
Photo Credit:Bangkok Post
Photo Credit:Bangkok Post

သေနတ်မှန်သွားခဲ့တဲ့ထိုင်းလူမျိုးကတော့ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး ဆေးရုံသို့ပို့ဆောင်ခဲ့ပေမယ့် Phrom Phiram ဆေးရုံမှာပဲကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။မြန်မာအလုပ်သမားကိုတော့ အခင်းဖြစ်ပွါးတဲ့နေရာမှာတင် ရဲအရာရှိတွေကဖမ်းဆီးခဲ့ပြီး လူသတ်မှုနဲ့အမှုဖွင့်ထားတယ်လို့သိရပါတယ်။တခြားနိုင်ငံမှာ အလုပ်သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားကတော့ ဒေါသမထိန်းနိုင်ခဲ့လို့ လူသေမှုဖြစ်စေခဲ့တဲ့အကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Bangkok Post
Photo Credit:Bangkok Post
Photo Credit:Bangkok Post
Photo Credit:Bangkok Post

Source&Photo Credit:Bangkok Post

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T