သွားလေးတွေတောင်ပေါက်ပြီး ထိုင်တတ်နေပြီဖြစ်တဲ့ သားလေးအာကြီးကို ချစ်မဝဖြစ်လို့ အမြဲဂရုစိုက်ပေးတတ်တဲ့ မေမေခိုင်နှင်းဝေ

//s9.kh1.co/e9/e9c2b2d6e614202dfcb64a8e58069fb3cabe5c1c.jpeg
အနုပညာရှင်များ

 ၀၄-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

သွားလေးတွေတောင်ပေါက်ပြီး ထိုင်တတ်နေပြီဖြစ်တဲ့ သားလေးအာကြီးကို ချစ်မဝဖြစ်လို့ အမြဲဂရုစိုက်ပေးတတ်တဲ့ မေမေခိုင်နှင်းဝေ

ရင်သွေးလေးများဂေဟာကိုတည်ထောင်ထားပြီး ပရဟိတအလုပ်တွေနဲ့ပျော်မွေ့နေတဲ့ ခိုင်နှင်းဝေကတော့ ကုသိုလ်ရေးဆိုလက်မနှေးတဲ့သူဖြစ်ပါတယ်။သူမရဲ့သားသမီးလေးတွေဆီလည်း နေ့တိုင်းနီးပါးသွားလည်ကာ အချိန်ပေးပြီးအတူတူဆော့ကစားပေးတာဖြစ်ပါတယ်။သားသား၊မီးမီးတွေအကုန်လုံးက ခိုင်နှင်းဝေရဲ့စောင့်ရှောက်မှုကြောင့်ကျန်းမာရေးလည်းကောင်းမွန်ကြပြီး ကလေးဘဝကိုပျော်ရွှင်စွာနဲ့ ဖြတ်သန်းနေကြတာဖြစ်ပါတယ်။

Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page

ခိုင်နှင်းဝေမွေးစားထားတဲ့ ကလေးတွေထဲမှာ သားလေးအာကြီးရဲ့ နှုတ်ခမ်းလေးကို ခွဲစိတ်ကုသပေးဖို့အတွက်လည်း စီစဉ်ထားတာဖြစ်ပါတယ်။သားလေးက အခုဆိုရင် (၁)နှစ်ကျော်အရွယ်ရှိနေပြီဖြစ်လို့ ထိုင်တတ်နေတဲ့အပြင်သွားလေးတွေတောင်ပေါက်နေပြီဖြစ်ပါတယ်။မေမေခိုင်နှင်းဝေကလည်း ကလေးတစ်ယောက်ချင်းစီတိုင်းကိုအာဟာရပြည့်ဝအောင်ကျွေးမွေးပြီး တကယ့်မေတ္တာအစစ်အမှန်နဲ့စောင့်ရှောက်တာဖြစ်လို့ ကလေးတွေကံကောင်းကြပါတယ်။

Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page

ပြည်သူတွေကလည်း လူတိုင်းမလုပ်နိုင်လောက်တဲ့ ပရဟိတအလုပ်တွေကို စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ဆောင်နေတဲ့ခိုင်နှင်းဝေကို လေးစားနေကြတာဖြစ်ပါတယ်။ဒါ့ကြောင့် သူမရဲ့အလှူတွေမှာလည်း အနည်းအကျဉ်းပါဝင်ရအောင်လို့ တစ်နိုင်တစ်ပိုင်လေးလှူဒါန်းနေကြတာဖြစ်ပါတယ်။ခိုင်နှင်းဝေရဲ့ ရင်သွေးလေးများဂေဟာလေးကတဖြည်းဖြည်းနဲ့ကလေးတွေများလာပြီး အရမ်းပျော်စရာကောင်းနေတဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page

Source&Photo Credit:Khine Hnin Wai’s Fb page

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T