ရှိတာလေးတွေကိုထုတ်ရောင်းပြီး မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေသလိုရပ်တည်နေရတဲ့ ဟာသလူရွှင်တော်ကြီး ဦးရွှေအိုး

//s9.kh1.co/c9/c9be4da14823875577294d784d02abaa6a7492c4.jpeg
အနုပညာရှင်များ

 ၀၆-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ရှိတာလေးတွေကိုထုတ်ရောင်းပြီး မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေသလိုရပ်တည်နေရတဲ့ ဟာသလူရွှင်တော်ကြီး ဦးရွှေအိုး

ဟာသလူရွှင်တော်၊သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဦးရွှေအိုးကတော့ ပရိသတ်တွေကိုအမြဲရယ်မောပျော်ရွှင်စေတဲ့သူဖြစ်ပါတယ်။ဦးရွှေအိုးကို ချစ်ကြတဲ့ပရိသတ်တွေကလည်း သူ့ရဲ့အငြိမ့်တွေနဲ့ ဇာတ်ကားတွေကို အားပေးကြည့်ရှု့ကြပါတယ်။လက်ရှိကာလမှာတော့ အနုပညာလောကမှာလည်း အလုပ်အကိုင်နည်းပါးနေတာကြောင့် ဦးရွှေအိုးလည်း ဇာတ်ကားမရိုက်ရဘဲ မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေသလိုရပ်တည်နေရတာဖြစ်ပါတယ်။

Photo Credit:ရွှေအိုး FacebookAcc
Photo Credit:ရွှေအိုး FacebookAcc
Photo Credit:ရွှေအိုး FacebookAcc
Photo Credit:ရွှေအိုး FacebookAcc

တစ်လပြီးတစ်လကြာမြင့်လာတဲ့ လက်ရှိအခြေအနေမှာ ပြည်သူတွေလည်း အချင်းချင်းဖေးမကူညီပြီး ဖြတ်သန်းနေရတာပဲဖြစ်ပါတယ်။ဦးရွှေအိုးကလည်း လွန်ခဲ့တဲ့ (၂)ရက်လောက်က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာProjector စက်နဲ့ ဂီတာတစ်လက်တို့ကို (၂၃၀၀၀၀)နဲ့ ရောင်းချနေတာပဲဖြစ်ပါတယ်။အခုလိုအခြေအနေမျိုးမှာမိသားစုအတွက် ရှိတာလေးကိုထုတ်ရောင်းနေတဲ့ ဦးရွှေအိုးကို ပရိသတ်တွေကလည်း အားပေးစကားပြောပေးကြတာဖြစ်ပါတယ်။

Photo Credit:ရွှေအိုး FacebookAcc
Photo Credit:ရွှေအိုး FacebookAcc
Photo Credit:ရွှေအိုး FacebookAcc
Photo Credit:ရွှေအိုး FacebookAcc

ဒါ့အပြင် ဦးရွှေအိုးရောင်းတဲ့ပစ္စည်းတွေကို မဝယ်ဘဲနဲ့လည်း တတ်နိုင်သလောက်လှူနေကြတာဖြစ်ပါတယ်။ဦးရွှေအိုးကတော့ သူ့ကိုချစ်တဲ့ပရိသတ်များရဲ့စေတနာကို အသိအမှတ်ပြုပြီး ကျေးဇူးတင်နေတာဖြစ်ပါတယ်။ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကိုပိုင်ဆိုင်ထားဆဲဖြစ်လို့ သူခက်ခဲနေတဲ့အချိန်မှာကူညီပေးကြတာဖြစ်ပါတယ်။ဦးရွှေအိုးလည်း အခက်အခဲတွေပြေလည်ပြီး မိသားစုနဲ့အတူ အေးအေးချမ်းချမ်းနေနိုင်ပါစေလို့ ဆုတောင်းရင်းပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:ရွှေအိုး FacebookAcc
Photo Credit:ရွှေအိုး FacebookAcc
Photo Credit:ရွှေအိုး FacebookAcc
Photo Credit:ရွှေအိုး FacebookAcc

Source&Photo Credit:ရွှေအိုး FacebookAcc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T