တာလီဘန်တွေကတော့ ဩဂုတ်လကတည်းက အာဖကန်နစ္စတန်နိုင်ငံရဲ့ မြို့တော်ကာဘူးလ်မှာ ကြီးစိုးပြီးနောက်မှာတော့ အာဖကန်ပြည်သူတွေလည်း အခွင့်အရေးတချို့ကိုတောင်းဆိုကြပါတယ်။ဒါ့အပြင် စက်တင်ဘာလ(၆)ရက်နေ့၊ဒီနေ့မနက်ပိုင်းမှာတော့ တာလီဘန်တွေက Panjshir တောင်ကြားဒေသကို အပြင်းအထန်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။အာဖကန်နစ္စတန်နိုင်ငံအတွင်းမှာ ပြည်နယ် (၃၄)ခု ရှိတဲ့ထဲမှ Panjshir ပြည်နယ်ကို နောက်ဆုံးသိမ်းပိုက်လိုက်နိုင်ပြီဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။
အဲ့ဒီတိုက်ပွဲမှာ Panjshir ပြည်နယ်ကဒေသခံတွေကလည်း မိမိတို့ဇာတိမြေအတွက် အစွမ်းကုန်ခုခံကာကွယ်ခဲ့ကြပါတယ်။Fahim ဆိုတဲ့အမျိုးသားတစ်ဦးကတော့ သူ့ရဲ့ဇာတိမြေလေးအတွက် တိုက်ပွဲဝင်ရင်း တာလီဘန်တို့ရဲ့အကြမ်းဖက်မှုကြောင့် သေဆုံးသွားခဲ့ရတာဖြစ်ပါတယ်။Fahim အပြင် သူနဲ့ရင်နှီးတဲ့ နောက်ထပ်အမျိုးသား(၃)ဦးလည်း အသက်ပေးသွားခဲ့ရပါတယ်။Panjshir ပြည်နယ်က ဒေသခံတွေလည်း သူရဲကောင်း Fahim တို့အတွက်ဝမ်းနည်းနေကြပေမယ့် ဂုဏ်ယူနေကြတာဖြစ်ပါတယ်။
သူရဲကောင်း Fahim ကတော့ Kabul Weekly မှာ အယ်ဒီတာတစ်ယောက်ဖြစ်ပြီး လွတ်လပ်စွာပြောဆိုခွင့်အတွက်လည်း အပြင်းအထန်ကြိုးစားခဲ့တာဖြစ်ပါတယ်။Fahim က လွန်ခဲ့တဲ့ (၂၀၀၁)ခုနှစ်တုန်းကဆိုရင် Ahmad Shah Massoud လုပ်ကြံခံရတဲ့အခန်းမှာ ရှိနေခဲ့သော်လည်း သေဘေးကနေလွတ်မြောက်ခဲ့တာဖြစ်ပါတယ်။အနှစ်(၂၀)ကြာပြီးတဲ့အချိန် စက်တင်ဘာလ၊(၅)ရက်၊၂၀၂၁ခုနှစ်တွင် ဇာတိမြို့ကိုကာကွယ်ရင်း ကျဆုံးသွားတဲ့ Fahim ရဲ့အကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Photo Credit:From Twitter