အဆိုတော်စန္ဒီမြင့်လွင်ကတော့ ခင်ပွန်းရယ်၊ချစ်စရာသမီးလေးတစ်ယောက်ရယ်နဲ့အတူ ပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။စန္ဒီမြင့်လွင်က လက်ရှိနိုင်ငံရေးအခြေအနေမှာ ဖေဖော်ဝါရီလအစကတည်းက အနုပညာမောင်နှမတွေနဲ့အတူ လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။အခုချိန်မှာတော့အလှူအတန်းတွေကို တတ်နိုင်သလောက်လုပ်ဆောင်နေပြီး ပြည်သူတွေကို တစ်ဖက်တစ်လမ်းကနေကူညီပေးနေတာဖြစ်ပါတယ်။
ဒီနေ့မှာဆိုရင်လည်း စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံနှစ်ယောက်က Plume small နဲ့ပူးပေါင်းပြီး တောင်ဒဂုံဘက်မှာသွားရောက်လှူဒါန်းခဲ့ပါတယ်။တောင်ဒဂုံဘက်မှာနေထိုင်တဲ့ အခြေခံပြည်သူတွေကို ဒီးဒီတို့ဇနီးမောင်နှံက ဆန်တစ်ပြည်၊ကြက်သွန်၊ဆီ၊ဆား၊ငရုတ် တို့ကို အိမ်ခြေ (၁၀၀)အတွက် လှူဒါန်းခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် ကလေးလေးတွေအတွက် diapers နဲ့ mask တွေကိုလည်း လှူပြီး အမျိုးသမီးလစဉ်သုံးပစ္စည်းတချို့ကိုပါ ဝေငှခဲ့တာဖြစ်ပါတယ်။
စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံက ပြည်သူတွေရဲ့လက်ထဲကို ကိုယ်တိုင်ကိုယ်ကျထည့်ပေးပြီး ရင်းရင်းနှီးနှီးစကားပြောခဲ့တာဖြစ်ပါတယ်။ပြည်သူတွေကလည်း ဒီးဒီတို့ရဲ့ အလှူကြောင့် မိသားစုရဲ့စားဝတ်နေရေးအတွက် ရက်အနည်းငယ်လောက်မပူပန်ရတော့တာဖြစ်ပါတယ်။အခုလိုမျိုး ပြည်သူတွေအပေါ်စေတနာထားပေးပြီး လိုအပ်မယ့်ပစ္စည်းတချို့ကို လမ်းကြိုလမ်းကြားတွေပါမကျန်သွားပြီး လှူဒါန်းခဲ့တဲ့ စန္ဒီမြင့်လွင်တို့ရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Photo Credit:Sandy Myint Lwin’s Facebook page