အာဏာသိမ်းခံလိုက်ရတဲ့ Guinea နိုင်ငံအတွင်းမှာ ပိတ်မိနေတဲ့ Keita ကို ခေါ်ထုတ်ဖို့ အပြင်းအထန်ကြိုးစားနေတဲ့ လီဗာပူးအသင်း

//s9.kh1.co/57/5788f009cfd05a1d8647ea75e059d5eea8a7e604.jpg
အားကစားသတင်းများ

 ၀၇-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

အာဏာသိမ်းခံလိုက်ရတဲ့ Guinea နိုင်ငံအတွင်းမှာ ပိတ်မိနေတဲ့ Keita ကို ခေါ်ထုတ်ဖို့ အပြင်းအထန်ကြိုးစားနေတဲ့ လီဗာပူးအသင်း

လီဗာပူးအသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်တဲ့ Naby Keita ဟာ လက်ရှိဘောလုံးရာသီရဲ့ အဖွင့်ပွဲစဥ်နှစ်ပွဲမှာ ​ပါဝင်ကစားထားခဲ့သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။အသက်(၂၆) နှစ်အရွယ်ရှိပြီဖြစ်တဲ့ Keita ဟာ ဂျာမန်ကလပ်ဖြစ်တဲ့ လိုက်ဇစ်အသင်းကနေ လီဗာပူးအသင်းကို ပြောင်းရွှေ့လာခဲ့တာပဲဖြစ်ပါတယ်။ Keita ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက မော်ရိုကိုအသင်းနဲ့  ကစားမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် မိခင်နိုင်ငံဖြစ်တဲ့  Guinea နိုင်ငံဆီကို ပြန်သွားခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ကံဆိုးစွာနဲ့ Keita တစ်ယောက် အမိနိုင်ငံဆီ ပြန်ရောက်နေတဲ့အချိန်မှာပဲ စစ်တပ်က Guinea နိုင်ငံရဲ့ အာဏာကို သိမ်းယူခဲ့ကာ သမ္မတကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ပါတယ်။ စစ်တပ်က ယခုလိုအာဏာသိမ်းလိုက်တာကြောင့် ကမ္ဘာ့ဖလားကစားဖို့ ရောက်ရှိနေတဲ့ မော်ရိုကိုကစားသမားတွေနဲ့ Guinea  လက်ရွေးစင်ကစားသမားတွေဟာ နိုင်ငံအတွင်းမှာ ပိတ်မိနေခဲ့ပါတယ်။ မော်ရိုကိုကစားသမားတွေကတော့ Guinea နိုင်ငံကနေ ပြန်ထွက်ခွာလာနိုင်ခဲ့ပေမယ့် လီဗာပူးကွင်းလယ်လူဖြစ်တဲ့ Keita ကတော့ ဆက်လက်ပိတ်မိနေခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

လီဗာပူးအသင်းကတော့ စစ်တပ်က အာဏာသိမ်းမှုကြောင့် မိခင်နိုင်ငံအတွင်းမှာ ပိတ်မိနေတဲ့ သူတို့ရဲ့ ကွင်းလယ်ကစားသမားဖြစ်တဲ့ Keita ကို ခေါ်ထုတ်ဖို့ အပြင်းအထန်ကြိုးစားလျက်ရှိနေပါတယ်။ Keita ကတော့ Guinea နိုင်ငံရဲ့ လက်ရွေးစင်အသင်းဖော်တွေနဲ့အတူ နိုင်ငံအတွင်းမှာ ပိတ်မိနေတာ ဖြစ်ပါတယ်။ keita တစ်ယောက် အာဏာသိမ်းခံလိုက်ရတဲ့ Guinea နိုင်ငံအတွင်းကနေ အမြန်ဆုံးလွတ်မြောက်စေဖို့ လီဗာပူးအသင်းပရိသတ်တွေနဲ့ ဘောလုံးပရိသတ်တွေက ဆုတောင်းပေးနေကြပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T