မိခင်ဆုံးပါးသွားချိန်မှာ အနားမှာမရှိပေးခဲ့နိုင်လို့ တစ်လပြည့်အတွက် အဝေးကနေပဲရည်စူးပြီး ကုသိုလ်ကောင်းမှူတွေပြုလုပ်ပေးခဲ့တဲ့ PDF တစ်ဦး

//s9.kh1.co/ae/ae08c716c121d810ec0b3f52ff358767d6b838a5.jpeg
နေ့စဉ်သတင်းများ

 ၀၈-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

မိခင်ဆုံးပါးသွားချိန်မှာ အနားမှာမရှိပေးခဲ့နိုင်လို့ တစ်လပြည့်အတွက် အဝေးကနေပဲရည်စူးပြီး ကုသိုလ်ကောင်းမှူတွေပြုလုပ်ပေးခဲ့တဲ့ PDF တစ်ဦး

PDF လူငယ်တွေကတော့ အခုချိန်မှာ မိသားစုနဲ့ခွဲခွါနေရပြီး အသက်ကိုလည်းစွန့်လွှတ်ထားကြတာဖြစ်ပါတယ်။မနေ့ကဆိုရင် NUG ရဲ့ ယာယီသမ္မတက D Day ကိုကြေငြာသွားပြီဖြစ်လို့ ပြည်သူတွေလည်း အစစအရာရာကိုကြိုတင်ပြင်ဆင်နေကြတာပဲဖြစ်ပါတယ်။ဒါ့အပြင် PDF တွေလိုအပ်မယ့်အရာတွေကိုလည်း တတ်နိုင်သလောက်ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။PDF လူငယ်အချင်းချင်းကလည်း အခုချိန်မှာ အပြန်အလှန်အားပေးရင်းရှေ့ဆက်ရင်ဆိုင်နေကြတာပဲဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

PDF လူငယ်လေးတစ်ဦးဆိုရင် လွန်ခဲ့တဲ့လကမှ မိခင်ကို ဆုံးရှုံးလိုက်ရပြီး နေမကောင်းနေချိန်မှာတောင် ဘေးနားမှာပြုစုခွင့်မရလိုက်တာပဲဖြစ်ပါတယ်။မိခင်ဆီကိုပြန်မယ့်အစား တစ်မိသားစုလုံးရဲ့လုံခြုံရေးနဲ့ ရဲဘော်တွေရဲ့ကျန်းမာရေးကိုသာ ဦးစားပေးခဲ့တာဖြစ်ပါတယ်။ဒါ့ကြောင့် အဲ့ဒီလူငယ်လေးကတော့ မိခင်ရဲ့နောက်ဆုံးခရီးကိုတောင် လိုက်ပို့ခွင့်မရတဲ့အပြင် ကုသိုလ်ကောင်းမှူတွေကိုလည်း မိသားစုနဲ့အတူမလုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ပြီးခဲ့တဲ့ရက်ပိုင်းကတော့ PDF လူငယ်လေးက ကွယ်လွန်သွားပြီဖြစ်တဲ့မိခင်ကို ရည်စူးပြီး ကိုဗစ်ရောဂါစစ်ဆေးရေးကိရိယာတွေနဲ့ အောက်ဆီဂျင်စက်တွေ၊အရေးပေါ်ဆေးဝါးတွေကို လှူဒါန်းခဲ့တာဖြစ်ပါတယ်။တိုင်းရင်းသားကျေးရွာလေးတွေက ကျန်းမာရေးအတွက်လည် မပြည့်မစုံရှိတာကြောင့် အခုလိုမျိုးလိုအပ်တာတွေကိုစီစဉ်ပေးခဲ့တာဖြစ်ပါတယ်။PDF လူငယ်လေးလည်း ယခုကုသိုလ်ကြောင့် မိသားစုနဲ့အတူအမြန်ပြန်ဆုံဆည်းပါစေလို့ဆုတောင်းရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T