တိကျသေသပ်တဲ့ သွင်းဂိုးတွေသွင်းယူခဲ့ပြီးလက်ရွေးစင်ကစားသမားဘဝ ပထမဆုံးဟက်ထရစ်ကို ရရှိခဲ့တဲ့ Depay ရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/8a/8ab8ca42248240641f365339aa478e17d4ce7ffc.jpg
အားကစားသတင်းများ

 ၀၈-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

တိကျသေသပ်တဲ့ သွင်းဂိုးတွေသွင်းယူခဲ့ပြီးလက်ရွေးစင်ကစားသမားဘဝ ပထမဆုံးဟက်ထရစ်ကို ရရှိခဲ့တဲ့ Depay ရဲ့ ဗီဒီယိုဖိုင်

စက်တင်ဘာလ (၈)ရက်နေ့ ယနေ့မနက်မှာတော့ နယ်သာလန်အသင်းနဲ့ တူရကီအသင်းတို့ ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ယှဥ်ပြိုင်ကစားခဲ့ကြပါတယ်။ အဆိုပါပွဲစဥ်မှာ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူးသစ်ဖြစ်တဲ့ Depay တစ်ယောက် အဓိက ကစားသမားအဖြစ် ပါဝင်ကစားခဲ့ပါတယ်။ အဆိုပါပွဲမှာ နယ်သာလန်အသင်းက တစ်ယောက်လျော့နေတဲ့ တူရကီအသင်းကို (၆)ဂိုး (၁)ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ဘာစီလိုနာတိုက်စစ်မှူးဖြစ်တဲ့ Depay က အကောင်းဆုံး​ခြေစွမ်းပြကာ နယ်သာလန်အသင်းကို အနိုင်ရရှိစေခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အသက်(၂၇)နှစ်အရွယ်ရှိ နယ်သာလန်အသင်းရဲ့ တိုက်စစ်မှူး Depay ဟာ အဆိုပါတူရကီအသင်းနဲ့ ပွဲမှာ ဟက်ထရစ်ဂိုးသွင်းယူ နိုင်ခဲ့ပါတယ်။အဆိုပါ ဟက်ထရစ်ဂိုးဟာ Depay အတွက် လက်ရွေးစင်ကစားသမားဘဝ ပထမဆုံးဟက်ထရစ်  ဖြစ်ပြီး ပွဲချိန် (၁၆)မိနစ်၊ (၃၈)မိနစ်နဲ့ (၅၄)မိနစ်တို့မှာ လှလှပပသွင်းယူသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူးဖြစ်တဲ့ Depay ဟာ ယခုမှာတော့ နယ်သာလန်အသင်းအတွက် (၇၁)ပွဲပါဝင်ကစားပြီး (၃၃)ဂိုး သွင်းယူပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ပွဲချိန် (၁၆)မိနစ်မှာ တူရကီအသင်းဘက်ကို သွင်းယူခဲ့တဲ့ တိုက်စစ်မှူး depay ရဲ့ သွင်းဂိုးဟာ အချိတ်အဆက်မိမိနဲ့ အရမ်းလှပသေသပ်ခဲ့တာကို ဗီဒီယိုဖိုင်ထဲမှာ မြင်တွေ့ခဲ့ရပါတယ်။ နယ်သာလန်တိုက်စစ်မှူး Depay နည်းတူ နော်ဝေးတိုက်စစ်မှူးဖြစ်တဲ့ ဟာလန်းဟာလည်း  ယနေ့မှာ ကစားတဲ့ Gibraltar အသင်းနဲ့ပွဲမှာ ဟက်ထရစ်ရရှိခဲ့တာ ဖြစ်ပါတယ်။ လှလှပပဂိုးသွင်းယူခဲ့ပြီး ဟက်ထရစ်ရရှိခဲ့တဲ့ နယ်သာလန်တိုက်စစ်မှူး depay ရဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ကာ အဆိုပါဗီဒီယိုကို အောက်မှာကြည့်နိုင်ပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T