မသန်းစွမ်းပြည်သူတချို့ရဲ့အကူအညီတောင်းခံမှုကြောင့် သိန်း (၁၀၀) ဝန်းကျင်ခန့်အသုံးပြုပြီး wheel chair တွေလှူဒါန်းပေးသွားမယ့် ခိုင်နှင်းဝေ

//s9.kh1.co/16/16b6d837ddfab6c853a58a78349e14c905b6761d.jpeg
အနုပညာရှင်များ

 ၀၉-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

မသန်းစွမ်းပြည်သူတချို့ရဲ့အကူအညီတောင်းခံမှုကြောင့် သိန်း(၁၀၀)ဝန်းကျင်ခန့်အသုံးပြုပြီး wheel chair တွေလှူဒါန်းပေးသွားမယ့် ခိုင်နှင်းဝေ

မင်းသမီးခိုင်နှင်းဝေကတော့ ခုနှစ်ရက်သားသမီးတွေနဲ့စုပေါင်းပြီး အလှူအတန်းတွေကို နေ့စဉ်ရက်ဆက်လုပ်ဆောင်နေတာဖြစ်ပါတယ်။ခိုင်နှင်းဝေရဲ့ အလှူမှာ တချို့ပြည်သူတွေကလည်း တတ်နိုင်သလောက်ထည့်ဝင်လှူဒါန်းကြပြီး ပါဝင်ကုသိုလ်ပြုနေကြတာဖြစ်ပါတယ်။ဒါ့အပြင် သူမက လူတိုင်းအပေါ်မှာ စေတနာထားပြီးကူညီပေးတတ်တာကြောင့် ပြည်သူအများအပြားကလည်း ခိုင်နှင်းဝေကိုချစ်ကြပြီး အမြဲချီးကျူးနေကြတာဖြစ်ပါတယ်။

Photo Credit:Khine Hnin Wai’s Facebook page

အခုဆိုရင်လည်း ခိုင်နှင်းဝေက မသန်စွမ်းသူတွေအတွက် အလှူအတန်းလေးတစ်ခုကိုစီစဉ်ထားပါတယ်။အဲ့ဒါကတော့ အနယ်နယ်အရပ်ရပ်မှ သူမဆီမှာ မသန်စွမ်းပြည်သူတချို့က အကူအညီတောင်းခံထားတာကြောင့် Wheel Chair လှူဒါန်းပေးမှာဖြစ်ပါတယ်။ခိုင်နှင်းဝေက သူမဆီမှာအကူအညီတောင်းခံလာတဲ့လူတိုင်းနီးပါးကို တတ်နိုင်သလောက်ပြန်လည်ကူညီပေးနေကျဖြစ်ပါတယ်။ဒါ့ကြောင့် အခုတစ်ခါလည်း လိုအပ်နေတဲ့ မသန်စွမ်းညီအစ်ကိုမောင်နှမတွေကို ကူညီပေးတာဖြစ်ပါတယ်။

Photo Credit:Khine Hnin Wai’s Facebook page
Photo Credit:Khine Hnin Wai’s Facebook page
Photo Credit:Khine Hnin Wai’s Facebook page
Photo Credit:Khine Hnin Wai’s Facebook page
Photo Credit:Khine Hnin Wai’s Facebook page
Photo Credit:Khine Hnin Wai’s Facebook page
Photo Credit:Khine Hnin Wai’s Facebook page
Photo Credit:Khine Hnin Wai’s Facebook page

ပထမအသုတ်အနေနဲ့ မသန်စွမ်းပြည်သူအယောက် (၅၀)စာအတွက် သိန်း (၁၀၀)ဝန်းကျင်ခန့်အသုံးပြုသွားမှာဖြစ်ပါတယ်။ဒီအလှူကလည်း ခုနှစ်ရက်သားသမီးများအားလုံးရဲ့စုပေါင်းကုသိုလ်လည်းဖြစ်ပါတယ်။ခိုင်နှင်းဝေကတော့အခုချိန်မှာ ပြည်သူအားလုံးရဲ့ အခက်အခဲတွေကို တတ်နိုင်သလောက်ကူညီဖြေရှင်းပေးနေတာဖြစ်ပါတယ်။မသန်စွမ်းပြည်သူတချို့လည်း ခိုင်နှင်းဝေရဲ့ကုသိုလ်ကြောင့် အဆင်ပြေပြေသွားလာနိုင်တော့မှာဖြစ်ကြောင်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Khine Hnin Wai’s Facebook page
Photo Credit:Khine Hnin Wai’s Facebook page
Photo Credit:Khine Hnin Wai’s Facebook page
Photo Credit:Khine Hnin Wai’s Facebook page
Photo Credit:Khine Hnin Wai’s Facebook page
Photo Credit:Khine Hnin Wai’s Facebook page
Photo Credit:Khine Hnin Wai’s Facebook page
Photo Credit:Khine Hnin Wai’s Facebook page

Source&Photo Credit:Khine Hnin Wai’s Facebook page

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T