သူတို့တွေ တောတောင်ထဲမှာ အစာရေစာငတ်မွတ်ပြီး ဒုက္ခရောက်နေခဲ့ရင်တောင် ပြည်သူတွေအပေါ်မှာဘယ်တော့မှ အနိုင်မကျင့်ဘူးဆိုတဲ့ PDF တစ်ဦး

//s9.kh1.co/15/150e3be38fcd38b1dbe16b00f69de313f953035f.jpeg
နေ့စဉ်သတင်းများ

 ၀၉-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

သူတို့တွေ တောတောင်ထဲမှာ အစာရေစာငတ်မွတ်ပြီး ဒုက္ခရောက်နေခဲ့ရင်တောင် ပြည်သူတွေအပေါ်မှာဘယ်တော့မှ အနိုင်မကျင့်ဘူးဆိုတဲ့ PDF တစ်ဦး

မြန်မာပြည်သူလူထုကတော့ လက်ရှိရင်ဆိုင်နေရတဲ့အခြေအနေမှာ စိတ်ဓာတ်မကျဘဲ အချင်းချင်းဖေးမကူညီရင်းဆက်လက်လျှောက်လှမ်းနေကြတာဖြစ်ပါတယ်။ဒါ့အပြင် အများအကျိုးအတွက် အသက်ကိုတောင်ပေးထားကြတဲ့ PDF ရဲဘော်တွေကိုလည်း မမေ့မလျော့ဘဲ သူတို့အတွက်လိုအပ်တာတွေကို ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။PDF လူငယ်တွေကတော့ မိသားစုနဲ့ခွဲခွါလာပြီး တောထဲမှာနေထိုင်နေရတာ တစ်လပြီးတစ်လကြာမြင့်လာပေမယ့် အားတင်းထားကြဆဲဖြစ်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

ပြည်သူတွေကလည်း PDF တွေကိုစိတ်ချယုံကြည်ပြီးအားကိုးကြသလို PDFတွေကလည်း ပြည်သူလူထုကိုအားကိုးကြတာဖြစ်ပါတယ်။ဒါ့ကြောင့် ပြည်သူနဲ့ PDF တွေ စည်းလုံးညီညွတ်ရင် လိုချင်တဲ့ပန်းတိုင်ကိုအမြန်ဆုံးရောက်နိုင်မှာပဲဖြစ်ပါတယ်။PDF တွေဆိုရင် အခုအခြေအနေမှာ ညဘက်တွေမအိပ်ရတာလည်းရှိသလို ခဏလေးမှေးရင်တောင် သေနတ်ကိုပိုက်ထားရတာဖြစ်ပါတယ်။ဘယ်အချိန်မှာ ဘာဖြစ်မယ်မှန်းမသိတာကြောင့် အရာရာတိုင်းကို သတိဝီရိယထားနေရတာဖြစ်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

သူတို့ အစာရေစာငတ်ပြီး ဒုက္ခရောက်နေခဲ့ရင်တောင် ပြည်သူတွေအပေါ်မှာဘယ်တော့မှအနိုင်မကျင့်ဘူးလို့PDFရဲဘော်တစ်ဦးက ရေးသားထားတာဖြစ်ပါတယ်။ရိုးရိုးသားသားနဲ့သာ ပြည်သူတွေရဲ့အကူအညီကိုလက်ခံပြီးအစွမ်းကုန်ကာကွယ်စောင့်ရှောက်ပေးသွားမှာဖြစ်ပါတယ်။ပြည်သူတွေကလည်း PDF ရဲဘော်တွေ ဘေးရန်ကင်းကြပါစေလို့ နေ့တိုင်းဆုတောင်းပေးကြပြီး လိုအပ်တာတွေကို တတ်နိုင်သလောက်လှူဒါန်း​နေကြကြောင်းကို ပြတ်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T