လူကြိုက်များခဲ့တဲ့ Emily in Paris ဇာတ်ကားကို season 2 ရိုက်ကူးနေစဉ်မှာပဲ (၃)နှစ်ကြာချစ်ခဲ့တဲ့ချစ်သူနဲ့ လက်ထပ်လိုက်ပြီဖြစ်တဲ့ မင်းသမီး Lily Collins

//s9.kh1.co/fb/fb22ffddd1f3d73ea5827ac4c66c81583c15c390.jpeg
အနုပညာရှင်များ

 ၀၉-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

လူကြိုက်များခဲ့တဲ့ Emily in Paris ဇာတ်ကားကို season 2 ရိုက်ကူးနေစဉ်မှာပဲ (၃)နှစ်ကြာချစ်ခဲ့တဲ့ချစ်သူနဲ့ လက်ထပ်လိုက်ပြီဖြစ်တဲ့ မင်းသမီး Lily Collins

ဗြိတိသျှ-အမေရိကန်မင်းသမီး၊မော်ဒယ်တစ်ယောက်ဖြစ်တဲ့ Lily Collins ကတော့ Emily in Paris ဇာတ်ကားနဲ့မြန်မာပြည်သူတွေကြားမှာအရမ်းရေပန်းစားခဲ့တာဖြစ်ပါတယ်။အဆိုပါဇာတ်ကားကတော့ ကမ္ဘာနှင့်အဝှမ်းမှာအရမ်းအောင်မြင်ခဲ့တာကြောင့် ဩဂုတ်လအစပိုင်းမှာ Season (2) ကိုရိုက်ကူးနေခဲ့ပြီဖြစ်ပါတယ်။ပရိသတ်တွေကလည်း Lily Collins ရဲ့ ဖက်ရှင်တွေကိုအရမ်းစိတ်ဝင်စားနေကြပြီး Season (2)ကို အမြန်ထွက်စေချင်နေကြတာဖြစ်ပါတယ်။

Photo Credit:Lily Collins’ Instagram 
Photo Credit:Lily Collins’ Instagram 
Photo Credit:Lily Collins’ Instagram 
Photo Credit:Lily Collins’ Instagram 
Photo Credit:Lily Collins’ Instagram 
Photo Credit:Lily Collins’ Instagram 

Season (2)ရိုက်ကူးနေစဉ်မှာပဲ Lily Collins က (၃)နှစ်ကြာချစ်ခဲ့တဲ့ ချစ်သူနဲ့အတူ စက်တင်ဘာလ (၄)ရက်နေ့မှာလက်ထပ်လိုက်ပြီဖြစ်ပါတယ်။ Lily Collins ရဲ့အမျိုးသားနာမည်က Charlie McDowell ဖြစ်ပြီး အမေရိကန်ရုပ်ရှင်ဒါရိုက်တာ၊ထုတ်လုပ်သူ၊စာရေးဆရာတစ်ယောက်ပဲဖြစ်ပါတယ်။Lily Collins နဲ့  Charlie McDowell တို့က(၂၀၁၉)ခုနှစ်တွင် စတင်ချိန်းတွေ့ခဲ့ကြပြီး (၂၀၂၀)ခုနှစ်၊စက်တင်ဘာလမှာတော့ စေ့စပ်ခဲ့ကြတာဖြစ်ပါတယ်။ Lily Collins တို့ချစ်သူနှစ်ယောက်ကတော့ အခုဆိုရင် နှစ်ယောက်တစ်ဘဝကို ထူထောင်ခဲ့တာဖြစ်ပါတယ်။

Photo Credit:Lily Collins’ Instagram 
Photo Credit:Lily Collins’ Instagram 
Photo Credit:Lily Collins’ Instagram 
Photo Credit:Lily Collins’ Instagram 
Photo Credit:Lily Collins’ Instagram 
Photo Credit:Lily Collins’ Instagram 

Charlie McDowell ကတော့ "ငါတွေ့ဖူးသမျှထဲမှာအရက်ရောဆုံး၊ စဉ်းစားတွေးခေါ်မှုနဲ့လှပတဲ့သူကို ငါလက်ထပ်ခဲ့တယ် မင်းကိုချစ်တယ် " ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။ Lily Collins ကလည်း "ငါမင်းထက်ပိုတော်တဲ့သူတစ်ယောက်ဖြစ်ချင်ခဲ့တာမဟုတ်ဘူး၊ အခုငါမင်းရဲ့ဇနီးဖြစ်လာမယ်။ငါတို့တစ်ယောက်နဲ့တစ်ယောက်တရားဝင် ထာဝရဖြစ်လာခဲ့ပြီ"ဆိုပြီး သူမတို့နှစ်ယောက်ရဲ့အမှတ်တရပုံရိပ်လေးတွေကို Instagram မှာတင်လာခဲ့တာဖြစ်ပါတယ်။Emily in Paris ထဲကမင်းသမီးလေးလည်း ချစ်သူနဲ့အတူ ပျော်ရွှင်စရာဘဝလေးကိုပိုင်ဆိုင်ပါစေလို့ဆုတောင်းရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Lily Collins’ Instagram 
Photo Credit:Lily Collins’ Instagram 
Photo Credit:Lily Collins’ Instagram 
Photo Credit:Lily Collins’ Instagram 
Photo Credit:Lily Collins’ Instagram 
Photo Credit:Lily Collins’ Instagram 

Source: Lily Collins’ Instagram 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T