ကရင်နီပြည်တွင် တစ်ကျော့ပြန်အပစ်အခတ်တွေကြားမှာ အသက်အန္တရာယ်ကင်းဖို့အတွက် ဘေးလွတ်ရာသို့ထပ်မံရှောင်တိမ်းနေရတဲ့ ပြည်သူများ

//s9.kh1.co/8d/8d68931b1cd4f288deef3c1dbc4085dc66f8df29.jpeg
နေ့စဉ်သတင်းများ

 ၁၀-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ကရင်နီပြည်တွင် တစ်ကျော့ပြန်အပစ်အခတ်တွေကြားမှာ အသက်အန္တရာယ်ကင်းဖို့အတွက် ဘေးလွတ်ရာသို့ထပ်မံရှောင်တိမ်းနေရတဲ့ ပြည်သူများ

စင်တင်ဘာလ (၇)ရက်နေ့မှာ NUG ရဲ့ယာယီသမ္မတက D-Day လို့ ရုတ်တရက်ကြေငြာပြီးနောက်မှာတော့ပြည်သူလူထုလည်း အစစ၊အရာရာ ဂရုစိုက်နေရတာဖြစ်ပါတယ်။ပြည်သူတွေကိုကာကွယ်ပေးမယ့် PDF ရဲဘော်တွေကိုလည်း ဘေးအန္တရာယ်ကင်းပါစေလို့ ဆုတောင်ပေးနေကြသလို လိုတာတွေလည်းထောက်ပံ့ကူညီပေးနေကြတာဖြစ်ပါတယ်။စက်တင်ဘာလ (၇)ရက်နေ့ကစတင်ပြီး ကရင်နီပြည်တွင် တိုက်ပွဲတွေ တဖန်ပိုမိုပြင်းထန်လာတာကိုကြားသိနေရပါတယ်။

Photo Credit: Free Burma Ranger Karenni
Photo Credit: Free Burma Ranger Karenni
Photo Credit: Free Burma Ranger Karenni
Photo Credit: Free Burma Ranger Karenni

တိုက်ပွဲပြင်းထန်လာတဲ့ (၃)ရက်အတွင်းမှာ ကရင်နီပြည်မှာရှိတဲ့ ဒေသခံတိုင်းရင်းသားတွေလည်း ဘေးလွတ်ရာတောတောင်သို့ ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။စစ်ဘေးရှောင်ပြည်သူတွေလည်း မိမိတို့အိမ်မှာအေးအေးချမ်းချမ်းမနေထိုင်ရဘဲ အပစ်အခတ်တွေကြားမှာ အသက်အန္တရာယ်ကိုစောင့်ရှောက်နေရတာဖြစ်ပါတယ်။စစ်ဘေးရှောင်တွေထဲမှာ သက်ကြီးရွယ်အိုတွေလည်းပါဝင်သလို ကလေးငယ်တွေလည်းအများအပြားပါဝင်ပါတယ်။

Photo Credit: Free Burma Ranger Karenni
Photo Credit: Free Burma Ranger Karenni
Photo Credit: Free Burma Ranger Karenni
Photo Credit: Free Burma Ranger Karenni
Photo Credit: Free Burma Ranger Karenni
Photo Credit: Free Burma Ranger Karenni

တစ်မြေတည်းနေ၊တစ်ရေတည်းသောက်နေကြတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ အခက်အခဲဖြစ်တဲ့အခါပြည်သူလူထုကလည်း တတ်နိုင်သလောက်ကူညီကြတာဖြစ်ပါတယ်။ဒါ့ကြောင့် လတ်တလောမှာ စစ်ရှောင်နေရတဲ့ပြည်သူတွေအတွက် တောတောင်ထဲမှာ အသုံးဝင်မယ့် အမိုးအကာ၊စားသောက်ကုန်ပစ္စည်းများ စတာတွေကိုလှူဒါန်းနေကြတာဖြစ်ပါတယ်။စစ်ဘေးရှောင်နေရတဲ့တိုင်းရင်းသားပြည်သူတွေလည်း မိမိတို့အိမ်မှာ အမြန်ဆုံးပြန်လည်နေထိုင်ရပါစေလို့ဆုတောင်းရင်း ပုံရိပ်တချို့ကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Free Burma Ranger Karenni
Photo Credit: Free Burma Ranger Karenni
Photo Credit: Free Burma Ranger Karenni
Photo Credit: Free Burma Ranger Karenni

Source&Photo Credit: Free Burma Ranger Karenni

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T