အချစ်စစ်နဲ့ချစ်ကြလို့ ချစ်သူသက်တမ်း (၁၀)နှစ်ပြည့်သွားခဲ့တဲ့အထိ နားလည်မှုအပြည့်နဲ့ရှေ့ဆက်နေတဲ့ ဖိလစ်ပိုင်မင်းသမီး Kathryn တို့ချစ်သူနှစ်ယောက်

//s9.kh1.co/5c/5cdfc537bfc34e8c875250e7c641c64eb8371da6.jpeg
အနုပညာရှင်များ

 ၁၀-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

အချစ်စစ်နဲ့ချစ်ကြလို့ ချစ်သူသက်တမ်း (၁၀)နှစ်ပြည့်သွားခဲ့တဲ့အထိ နားလည်မှုအပြည့်နဲ့ရှေ့ဆက်နေတဲ့ ဖိလစ်ပိုင်မင်းသမီး Kathryn တို့ချစ်သူနှစ်ယောက်

အရမ်းချစ်စရာကောင်းကြလို့ လူသိများကျော်ကြားတဲ့ ဖိလစ်ပိုင်စုံတွဲလေး Daniel Padilla နဲ့ Kathryn Bernardo တို့နှစ်ယောက်က နာမည်ကြီးသရုပ်ဆောင်တွေဖြစ်ကြပါတယ်။သူတို့အတွဲလေးက ဇာတ်ကားတွေထဲမှာအတူတူပါဝင်သရုပ်ဆောင်ကြတာကြောင့် မြန်မာပရိသတ်တွေကလည်း အားပေးကြည့်ရှု့ကြပါတယ်။Kathryn နဲ့Daniel တို့ချစ်သူနှစ်ယောက်အတူတူ ပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ "Princess and I "ဇာတ်ကားလေးနဲ့စတင်ပြီး ပိုပြီးလူသိများအောင်မြင်ခဲ့ကြတာဖြစ်ပါတယ်။

Photo Credit:Kathryn Barnerdo’s Instagram 

လက်ရှိအချိန်ထိလည်း Kathryn တို့ချစ်သူနှစ်ယောက်က ကြော်ငြာတွေ၊ဇာတ်ကားတွေကို အတူတူတွဲဖက်ပြီးရိုက်ကူးနေကြဆဲဖြစ်ပါတယ်။Kathryn နဲ့ Daniel တို့က (၂၀၁၁)ခုနှစ်တွင် စတင်တွဲခဲ့ကြတာဖြစ်ပြီး (၂၀၂၁)ခုနှစ်၊စက်တင်ဘာလ (၄)ရက်နေ့မှာတော့ ချစ်သူသက်တမ်း (၁၀) နှစ်တိတိပြည့်သွားခဲ့ပြီဖြစ်ပါတယ်။Kathryn တို့ချစ်သူနှစ်ယောက်ကလည်း အသက်(၃၀)မတိုင်ခင်လက်ထပ်နိုင်ဖို့အတွက် ပိုက်ဆံစုနေကြတယ်လို့သိရပါတယ်။

Photo Credit:Kathryn Barnerdo’s Instagram 
Photo Credit:Kathryn Barnerdo’s Instagram 
Photo Credit:Kathryn Barnerdo’s Instagram 
Photo Credit:Kathryn Barnerdo’s Instagram 

Kathryn တို့ချစ်သူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပြီး နားလည်မှုတွေနဲ့လက်တွဲလာကြတာ ဆယ်စုနှစ်တစ်စုစာရှိသွားပြီဖြစ်ပါတယ်။အချစ်စစ်နဲ့ချစ်ကြတဲ့ သူမတို့စုံတွဲလေးကို မြန်မာပရိသတ်တွေကလည်း အရမ်းအားပေးကြတာဖြစ်ပါတယ်။ဒါ့ကြောင့် မကြာသေးခင်ကမှ ချစ်သူသက်တမ်း (၁၀)နှစ်ပြည့်သွားတဲ့Kathryn နဲ့ Daniel တို့ရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို မြန်မာပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Kathryn Barnerdo’s Instagram 
Photo Credit:Kathryn Barnerdo’s Instagram 
Photo Credit:Kathryn Barnerdo’s Instagram 
Photo Credit:Kathryn Barnerdo’s Instagram 
Photo Credit:Kathryn Barnerdo’s Instagram 
Photo Credit:Kathryn Barnerdo’s Instagram 

Source&Photo Credit:Kathryn Barnerdo’s Instagram 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T