စက်တင်ဘာလ(၁၀)ရက်နေ့ ယနေ့မှာတော့ ကိုပါအမေရိကချန်ပီယံအသင်းဖြစ်တဲ့ အာဂျင်တီးနားအသင်းနဲ့ ဘိုလီဗီးယားအသင်းတို့ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ရင်ဆိုင်ကစားခဲ့ကြပါတယ်။ အဆိုပါဘိုလီဗီးယားအသင်းနဲ့ ပွဲမှာ အာဂျင်တီးနားအသင်းတို့ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး အသင်းခေါင်းဆောင်မက်ဆီက ဟက်ထရစ်သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။ အာဂျင်တီးနားတိုက်စစ်မှူးဖြစ်တဲ့ လီယိုနယ်မက်ဆီက ပွဲချိန် (၁၄)မိနစ်၊ (၆၄)မိနစ်နဲ့ (၈၈)မိနစ်တို့မှာ လှလှပပ ဂိုးသွင်းယူသွားခဲ့တာပဲ ဖြစ်ပါတယ်။
PSG အသင်းရဲ့ တိုက်စစ်မှူးဖြစ်တဲ့ လီယိုနယ်မက်ဆီဟာ အဆိုပါဟက်ထရစ်သွင်းဂိုး သွင်းယူခဲ့ပြီးနောက် စံချိန်အသစ်လည်း ပိုင်ဆိုင်သွားခဲ့ပါတယ်။အသက် (၃၄)နှစ်အရွယ်ရှိ အသင်းခေါင်းဆောင် မက်ဆီဟာ ဘရာဇီးဂန္တဝင်ပီလီရဲ့ စံချိန်ကို ချိုးဖြတ်ပြီး တောင်အမေရိက ကစားသမားများထဲမှာ နိုင်ငံတကာသွင်းဂိုးအများဆုံးသွင်းယူထားနိုင်တဲ့ ကစားသမားဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။ ဘရာဇီးအသင်းရဲ့ ဂန္တဝင်ကစားသမားကြီးဖြစ်တဲ့ ပီလီက နိုင်ငံတကာသွင်းဂိုး(၇၇)ဂိုးနဲ့ စံချိန်တင်ထားခဲ့တာပဲ ဖြစ်ပါတယ်။
ယခုမှာတော့ မက်ဆီက ဟက်ထရစ်သွင်းယူခဲ့ပြီး နိုင်ငံတကာသွင်းဂိုး (၇၉) ဂိုးဖြင့် ဂန္တဝင်ကစားသမားကြီး ပီလီရဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ နိုင်ငံတကာသွင်းဂိုး အများဆုံးသွင်းယူထားတဲ့ တောင်အမေရိက ကစားသမားစာရင်းမှာ မက်ဆီက နံပတ် (၁)မှာရှိနေပြီး ပီလီက နံပတ် (၂) ၊နေမာက နံပတ်(၃) ၊ဆွာရက်ဇ်က နံပတ်(၄) ၊ရော်နယ်ဒင်ဟိုက နံပတ်(၅)နေရာမှာ ရှိနေပါတယ်။အသက်အရွယ်ကြီးမြင့်နေပြီဖြစ်ပေမယ့် ခြေစွမ်းကောင်းတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်တဲ့ မက်ဆီအတွက် ပရိသတ်တွေက ဂုဏ်ယူနေကြပါတယ်။
Source : Original Uploder