မြို့ခံပြိုင်ဘက်အသင်းကို ၄၀ - ၀ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့်လည်း အပြုံးမပျက်ခဲ့တဲ့ အမျိုးသမီး ဘောလုံးအသင်း

//s9.kh1.co/f7/f7d323c6816348002ea5bd3a155cf33e3e7acdc9.jpg
အားကစားသတင်းများ

 ၁၂-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ဘောလုံးအသင်း တစ်သင်းဟာ မယုံနိုင်စရာကောင်းလောက်အောင် ၄၀-၀ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် သူတို့ဟာ ပြုံးနေတုန်းပါပဲ။ Pirate FM Cornwall Women's League မှာ RNAS Culdrose အမ‌ျိုးသမီးအသင်းဟာ အိမ်ကွင်းမှာ မြို့ခံပြိုင်ဘက်အသင်းဖြစ်တဲ့ Helston အသင်းကို ခုလိုအကြီးအကျယ်ရှုံးခဲ့တာဖြစ်ပါတယ်။ Culdrose အသင်းအတွက် အဲ့ဒီရာသီဟာ တော်တော်လေး ကြမ်းတမ်းခဲ့ပါတယ်။ ၁၁ ပွဲကစားတာ ပေးဂိုး ၁၇၇ ဂိုးရှိပြီး သွင်းဂိုး‌ကတော့ ၃ လုံးပဲရှိပါတယ်။

https://s9.kh1.co/__image/w=650,h=426,q=100/f9/f9800e9b4c3bac3e5c37891f867b6eda1f77bbc6.jpg
https://s9.kh1.co/__image/w=588,h=390,q=100/d9/d97034eb5b11d976496215c14f4644b2dc8fe343.jpg

Helston အသင်း Manager ဖြစ်တဲ့ Charlotte Bond ကတော့ " သူတို့တွေက ပြိုင်ပွဲပြီး ဂိုးရလဒ်တွေနဲ့ပတ်သက်လို့ အပြုံးမပျက်ခဲ့ကြပဲ ဆက်လက်ပြုံးနေခဲ့ပါတယ်၊ ကစားပွဲကောင်းတစ်ပွဲလည်းဖြစ်ခဲ့ပြီး Culdrose အသင်းဟာ ဂိုးတွေပေးခဲ့ရပေမယ့် အဆုံးထိ ကောင်းကောင်းကစားခဲ့ကြပြီး ရုန်းကန်ခဲ့ကြပါတယ် " ဆိုပြီး သူမက ပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=506,h=336,q=100/19/19f97e43d32781fe24e6f02156af80726f715575.jpg
https://s9.kh1.co/__image/w=650,h=824,q=100/5d/5d8cf4738d8c50132abc8063a8a5d256da96dc63.jpg

ပွဲဟာ မိနစ် ၂၀ လောက်ထိ ၄-၀ ပါပဲ၊ ဒါပေမယ့် ပွဲချိန်တစ်၀က် ရောက်တဲ့အခါမှာတော့ ၁၈-၀ ဖြစ်ခဲ့ပါတယ်။ Charlotte ဟာလည်း Helston အသင်းဟာ League ထဲမှာ အနိမ့်ဆုံး အသင်းပါပဲဆိုပြီး ပြောခဲ့ပါတယ်။ Culdrose အသင်းကလူတွေဟာ သူတို့အတွက် ဘယ်လောက်ပဲ ကျရှုံးပါစေ အပြုံးတော့ မပျက်ခဲ့ကြပါဘူး။ အပြုံးမပျက်တဲ့အပြင် ကြိုစားမှုလည်း လျော့သွားတာ မရှိလို့ လေးစားဖွယ်လည်း ကောင်းပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/8e/8e7e983dbbe3f6a882ed733fd49189af97bb3529.jpg

သတင်း အရင်းအမြစ်Mirror

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T