အိမ်လာလည်ကြတဲ့ မောင်လေး၊ညီမလေးတွေကို ဂရုတစိုက်နဲ့နို့ဘူးလည်းတိုက်ပြီး အတူတူဆော့ကစားပေးနေတဲ့ခိုင်နှင်းဝေရဲ့သမီးလေးရွှန်းရွှန်း

//s9.kh1.co/4a/4ab3fc467bfb05f4e97224efadb004f5cbba6b5e.jpeg
အနုပညာရှင်များ

 ၁၃-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

အိမ်လာလည်ကြတဲ့ မောင်လေး၊ညီမလေးတွေကို ဂရုတစိုက်နဲ့နို့ဘူးလည်းတိုက်ပြီး အတူတူဆော့ကစားပေးနေတဲ့ခိုင်နှင်းဝေရဲ့သမီးလေးရွှန်းရွှန်း

မင်းသမီးချောခိုင်နှင်းဝေကတော့ "ခိုင်နှင်းဝေ ရင်သွေးလေးများ"ဂေဟာကို တည်ထောင်ပြီး နှစ်အနည်းငယ်အတွင်းမှာပဲ ကလေးလေးတွေအများကြီးကို မွေးစားထားလိုက်ပြီဖြစ်ပါတယ်။စောင့်ရှောက်မှာကင်းမဲ့နေတဲ့သားသမီးတွေအကုန်လုံးကို သူမရဲ့မေတ္တာတွေပေးပြီး အပူအပင်ကင်းမဲ့တဲ့ကလေးဘဝလေးဖြစ်အောင် သေချာဂရုစိုက်ပေးတာပဲဖြစ်ပါတယ်။ခိုင်နှင်းဝေရဲ့ စိတ်ဓာတ်ကို ပြည်သူအများအပြားကလည်းလေးစားနေကြတာဖြစ်လို့သူမရဲ့အလှူတွေမှာဆိုရင် တတပ်တအားပါဝင်ကုသိုလ်ယူကြတာပဲဖြစ်ပါတယ်။

Photo Credit:Khine Hnin Wai’s Facebook page

ကလေးတွေအကုန်လုံးကလည်း မေတ္တာစစ်မှန်သူနဲ့တွေ့ရတာကြောင့် အရွယ်ရောက်လာလေ၊ချစ်ဖို့ကောင်းလေဖြစ်ပြီး လိမ္မာရေးခြားလည်းရှိကြပါတယ်။မနေ့ကဆိုရင်တော့ မေမေခိုင်နှင်းဝေရဲ့အိမ်ကို ကလေးအငယ်အဖွဲ့က လာလည်ကြတာဖြစ်ပါတယ်။ခိုင်နှင်းဝေရဲ့ သမီးချောလေး ရွှန်းရွှန်းကလည်း မောင်လေး၊ညီမလေးတွေက အိမ်လာလည်ကြလို့ အရမ်းပျော်ရွှင်နေပြီး အတူဆော့ကစားပေးနေတာဖြစ်ပါတယ်။ကလေးတွေကိုလည်း အစ်မကြီးအမိရာပီပီ နို့ဘူးလေးတိုက်ပြီး ဂရုစိုက်ပေးပါတယ်။

Photo Credit:Khine Hnin Wai’s Facebook page
Photo Credit:Khine Hnin Wai’s Facebook page
Photo Credit:Khine Hnin Wai’s Facebook page
Photo Credit:Khine Hnin Wai’s Facebook page
Photo Credit:Khine Hnin Wai’s Facebook page
Photo Credit:Khine Hnin Wai’s Facebook page
Photo Credit:Khine Hnin Wai’s Facebook page
Photo Credit:Khine Hnin Wai’s Facebook page

မေမေခိုင်နှင်းဝေကတော့ သားသမီးတွေ တစ်ယောက်ချင်းစီကို ရင်ခွင်ထဲမှာပွေ့ထားပြီး မေတ္တာတွေပေးနေတာဖြစ်ပါတယ်။ကလေးတွေအကုန်လုံးက ခိုင်နှင်းဝေရဲ့အရိပ်အောက်မှာ လုံခြုံနွေးထွေးစွာ နေထိုင်ရတာကြောင့် ပြည်သူတွေကလည်း ပီတိဖြစ်စွာလှူဒါန်းကြပါတယ်။သူမကလည်း ကလေးတွေကို တန်းတူရည်တူ ဂရုစိုက်ပေးပြီး သမီးလေးရွှန်းရွှန်းကိုလည်း သေချာသင်ကြားပေးထားတာဖြစ်ပါတယ်။ဒါ့ကြောင့် မောင်လေး၊ညီမလေးတွေကိုဂရုတစိုက်နဲ့ချစ်ပေးနေတဲ့ ရွှန်းရွှန်းရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Khine Hnin Wai’s Facebook page
Photo Credit:Khine Hnin Wai’s Facebook page
Photo Credit:Khine Hnin Wai’s Facebook page
Photo Credit:Khine Hnin Wai’s Facebook page
Photo Credit:Khine Hnin Wai’s Facebook page
Photo Credit:Khine Hnin Wai’s Facebook page
Photo Credit:Khine Hnin Wai’s Facebook page
Photo Credit:Khine Hnin Wai’s Facebook page

Source&Photo Credit:Khine Hnin Wai’s Facebook page

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T