အောင်ပွဲခံနေတုန်း ပြိုင်ဘက်ပရိသတ်တွေပစ်ပေါက်လိုက်တဲ့ ဘီယာဘူးကို အမိအရဖမ်းယူပြီး သောက်ပြလိုက်တဲ့ Bellingham ရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/ea/eab14aa01ef330443742bd99ee821b3ba2748218.jpg
အားကစားသတင်းများ

 ၁၃-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

အောင်ပွဲခံနေတုန်း ပြိုင်ဘက်ပရိသတ်တွေပစ်ပေါက်လိုက်တဲ့ ဘီယာဘူးကို အမိအရဖမ်းယူပြီး သောက်ပြလိုက်တဲ့ Bellingham ရဲ့ဗီဒီယိုဖိုင်

စက်တင်ဘာလ (၁၁)ရက်နေ့ကတော့ ဒေါ့မွန်အသင်းနဲ့ လေဗာကူဆင်အသင်းတို့ အကြိပ်အနယ်ယှဥ်ပြိုင်ကစားခဲ့ကြပြီး ဘောလုံးပရိသတ်တွေကို ဖျော်ဖြေမှုအပြည့် ပေးစွမ်းနိုင်ခဲ့ပါတယ်။ ပရိသတ်တွေ စောင့်ကြည့်ရကျိုးနပ်တဲ့ ပွဲစဥ်တစ်ပွဲဖြစ်ခဲ့ပြီး အပြန်အလှန်သွင်းဂိုးတွေ များစွာကို မြင်တွေ့ခဲ့ရပါတယ်။ လေဗာကူဆင်အသင်းက ဦးဆောင်ဂိုးသွင်းလိုက် ဒေါ့မွန်အသင်းက ချေပဂိုးသွင်းလိုက်နဲ့ သံသရာလည်နေခဲ့တယ်လို့ ဆိုရမှာပဲ ဖြစ်ပြီး နှစ်ဖက်ပရိသတ်တွေအတွက် အတော်စိတ်လှုပ်ရှားစရာဖြစ်ခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ပွဲချိန်(၇၇)မိနစ်ရောက်မှ ဒေ့ါမွန်အသင်းရဲ့ တိုက်စစ်မှူးဖြစ်သူ ဟာလန်းက အဆိုပါပွဲစဥ်ကို အဆုံးအဖြတ်ဖြစ်စေမယ့် အနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ပင်နယ်တီကတဆင့် တိုက်စစ်မှူးဟာလန်းက ဂိုးသွင်းယူခဲ့တာ ဖြစ်ပြီး အဆိုပါဂိုး သွင်းယူပြီး အောင်ပွဲခံချိန်မှာ လူအများပြုံးစရာဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားသွားခဲ့ပါတယ်။ အောင်ပွဲလာခံတဲ့ တိုက်စစ်မှူးဟာလန်းကို လေဗာကူဆင်ပရိသတ်တွေက ဘီယာဘူးတွေနဲ့ ပစ်ပေါက်ခဲ့တာဖြစ်ပြီး ပရိသတ်တစ်ဦးပစ်ပေါက်လိုက်တဲ့ ဘီယာဘူးကို Bellingham က အမိဖမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ဒေါ့မွန်ကွင်းလယ်လူ Bellingham ကဟာလန်းရဲ့ကျောပေါ်တက်ပြီး အောင်ပွဲခံနေချိန်မှာ ပြိုင်ဘက်အသင်းရဲ့ ပရိသတ်တွေ ပစ်ပေါက်လိုက်တဲ့ ဘီယာဘူးကို အမိအရဖမ်းပြီး သောက်ပြခဲ့တာ ဖြစ်ပါတယ်။ Bellingham တစ်ယောက် ဘီယာဘူးကို အမိအရဖမ်းနိုင်ခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ယက်ထက် ထွက်ပေါ်လာပြီး ကြည့်ရူသူတွေကို အနည်းငယ်ပြုံးရယ်စေခဲ့ပါတယ်။ ပြိုင်ဘက်ပရိသတ်တွေ ပစ်ပေါက်လိုက်တဲ့ ဘီယာဘူးတစ်ဘူးကို လက်မြန်မြန်နဲ့ အမိဖမ်းယူနိုင်ခဲ့တဲ့ Bellingham ရဲ့ ဗီဒီယိုဖိုင်ကို ဖော်ပြပေးလိုက်ပါတယ်။

Source :  Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T