အလှူရှင်တွေက စားသောက်ရေးအတွက်ပံ့ပိုးကူညီပေးကြပေမယ့် ရှိတဲ့ရိက္ခာလေးတွေကို ချွေတာသုံးစွဲပြီးအခက်အခဲများစွာကိုဖြတ်ကျော်နေကြတဲ့ PDF များ

//s9.kh1.co/d9/d92cab24808977c75f44881f2cbaf32625b22faf.jpeg
နေ့စဉ်သတင်းများ

 ၁၃-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

အလှူရှင်တွေက စားသောက်ရေးအတွက်ပံ့ပိုးကူညီပေးကြပေမယ့် ရှိတဲ့ရိက္ခာလေးတွေကို ချွေတာသုံးစွဲပြီးအခက်အခဲများစွာကိုဖြတ်ကျော်နေကြတဲ့ PDF များ

လက်ရှိအခြေအနေမှာတော့ တချို့ပြည်သူတွေက တော်လှန်ရေးအတွက် စွန့်လွှတ်အနစ်နာခံထားရတာတောင် အားမလျော့ကြသေးတာဖြစ်ပါတယ်။PDF ရဲဘော်တွေထဲမှာ လူငယ်တွေလည်းပါဝင်သလို လူလတ်ပိုင်းအရွယ်တွေလည်းရှိပါတယ်။PDF ရဲဘော်တွေရဲ့ စားရေးသောက်ရေးကိုလည်း ပြည်သူတွေက တတ်နိုင်သလောက်ပံ့ပိုးပေးနေကြတာဖြစ်ပေမယ့် တချို့နေရာတွေမှာဆိုရင် PDF တွေက ရှိတာလေးနဲ့ရောင့်ရဲတင်းတိမ်စွာစားသောက်နေထိုင်နေရတာပဲဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုဆိုရင်တော့ PDF တွေကို အလှူရှင်တွေက ဆန်၊ငါးသေတ္တာ၊ကြက်သွန်နီ တွေကို ထောက်ပံ့ကူညီပေးလိုက်တာဖြစ်ပါတယ်။ဒီလိုမျိုး ပြည်သူတွေက နောက်ကွယ်ကနေအားဖြည့်ပေးနေကြတာကြောင့် PDF တွေလည်း ပြည်သူ့ဆန်ကိုစားပြီး ပြည်သူတွေကိုကာကွယ်ပေးဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်။PDF လူငယ်လေးတွေကတော့ အခုချိန်မှာ အသက်ကိုတောင်စွန့်ထားကြတာဖြစ်လို့ လှူဒါန်းထားတဲ့ရိက္ခာတွေကိုလည်း ချွေတာစားသောက်နေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မိမိရဲ့အိမ်မှာလိုတော့ ပြည့်ပြည့်စုံစုံမနေရပေမယ့် ရောက်တဲ့နေရာမှာ ရဲဘော်တွေအားလုံး အတူတူဒုက္ခခံပြီးအခက်အခဲမျိုးစုံကိုကျော်ဖြတ်နေကြတာဖြစ်ပါတယ်။ပြည်သူတွေလည်း PDF လူငယ်တွေရဲ့ စိတ်ဓာတ်ကိုလေးစားနေကြသလို သူတို့ရဲ့အခက်အခဲတွေကိုလည်း ကိုယ်ချင်းစာနေကြတာဖြစ်ပါတယ်။စားရေးသောက်ရေးအတွက် အလှူရှင်တွေရဲ့ပံ့ပိုးကူညီနေမှုကြောင့် ခွန်အားပြည့်စွာဆက်လက်ရင်ဆိုင်သွားမယ့် PDF ရဲဘော်တွေရဲ့ပုံရိပ်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T